Main menu

Background

မြစိမ်းရောင်အလေ့အကျင့်များကို ဆောင်ရွက်ဖို့ ဖိလစ်ပိုင်ဟိုတယ်များက ကတိပြု

Wed, 02/24/2016 - 11:23 -- journal_editor

          သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တဲ့ အလေ့အကျင့်တွေဖြစ်တဲ့မြစိမ်းရောင်အလေ့ အကျင့်တွေနဲ့အညီဆောင်ရွက်ပြီးဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ခရီးသွား လုပ်ငန်းဝန်ကြီးဌာန(DOT) နဲ့ ဖိလစ်ပိုင်ဟိုတယ်ပိုင်ရှင်များကကတိပြုထားကြောင်း ဖိလစ်ပင်းစတားသတင်းမှာဖော်ပြပါတယ်။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အဝေးပြေးလမ်းမကြီးများဝန်ကြီးဌာနကထုတ်ပြန်တဲ့ ဖိလစ်ပိုင် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေး မြစိမ်းရောင် အဆောက်အအုံစည်းမျဉ်းများ (Philippine Green Building Code) ကို စောင့်ထိန်းလိုက်နာမှာဖြစ် ကြောင်းDOT နဲ့   ဟိုတယ်ပိုင်ရှင်များအသင်းတို့က ကတိပြုထားပါတယ်။
မြစိမ်းရောင်  အဆောက်အအုံစည်းမျဉ်းအရသဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့သယံဇာတစီမံခန့်ခွဲမှု ဆိုင်ရာအခြေအနေများကို  တိုးတက်ကောင်းမွန်စေမယ့် စံနှုန်းမူဘောင်များကိုသတ်မှတ်ပေးထားပါတယ်။ အဲဒီအချက်များမှာ ကုန်ကြမ်း ချွေတာသုံးစွဲမှု၊ နေရာ ရွေးချယ်မှု၊ စီမံကိန်း၊   ဒီဇိုင်း၊   ဆောက်လုပ်ရေး၊ အဆောက်အအုံတွင်းနေထိုင်မှု၊ ကုန်ကျစရိတ်သက် သာစွာနဲ့အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုစတဲ့ အချက်တွေပါဝင်ပါတယ်။ ဟိုတယ်လုပ်ငန်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ဆောင်ရွက်ခြင်းအားဖြင့် ဖိလစ် ပိုင်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အခွင့်အလမ်းတွေ ပွင့်လမ်းလာစေနိုင်ကြောင်း ခရီးသွားလုပ်ငန်း အတွင်းဝန် ရေမွန်ဂျင်မီနက်ဂျူနီယာက ပြောပါတယ်။''ဟိုတယ်လုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ခရီးသည်တွေကို  ပိုမိုသန့်ရှင်းတဲ့လေ၊ ပိုမိုသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို   ကျွန်တော်တို့က ဖြည့်ဆည်းပေးနိုင်ပြီး ဟိုတယ်လုပ်ငန်းမှာလည်း လျှပ်စစ်ဓာတ်အား အတွက် ကုန်ကျစရိတ်ကို သက်သာမှုရစေ ခဲ့ပါတယ်''လို့ ဂျင်မီနက်က ပြောပါတယ်။မြစိမ်းရောင်အဆောက်အအုံစည်းမျဉ်းက ဟိုတယ်ပိုင်ရှင်တွေ ဦးစားပေးလိုက်နာရမယ့် စည်း မျဉ်းတွေဖြစ်ပြီး ဒီလိုလိုက်နာဆောင်ရွက်ခြင်း အားဖြင့် အဆောက်အအုံတွေအတွက် စွမ်းအင်သုံးစွဲမှု ကုန်ကျ စရိတ်ကိုလျော့ကျစေနိုင်ကြောင်း ဟိုတယ်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ အာသာလိုပက်က ပြောပါတယ်။