Main menu

Background

အင်ဒိုနီးရှားနိုင်ငံ၊ စူမားတြားတောင်ပိုင်းတွင် အင်အားပြင်းထန်သည့်ငလျင်လှုပ်ခတ်၊ ပျက်စီးမှုအနည်းငယ်သာရှိသည်ဟုဆို

Wed, 03/09/2016 - 11:30 -- journal_editor

       ပြီးခဲ့သည့် မတ် ၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ စူမားတြားပြည်နယ်၊ ပါဒန်မြို့နှင့် ၅၀၂မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍အင်အားရစ်ချ်တာစကေး ၇ ဒသမ ၉ အဆင့်ရှိအင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခုလှုပ် ခတ်ခဲ့ကြောင်း  အမေရိကန် ငလျင်တိုင်းတာရေးစခန်း၏ သတင်းထုတ်ပြန်ချက်များကိုကိုးကား၍ နိုင်ငံတကာသတင်း ဌာနများက ထုတ်ပြန်ကြေညာခဲ့သည်။အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် ဆူနာမီသတိပေး ချက်များထွက်ပေါ်ခဲ့သည်။ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာတို့နှင့် ထိစပ်လျက်ရှိနေသည့်နိုင်ငံများအား ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။အလားတူ အိန္ဒိယသမုဒ္ဒ ရာ နှင့်ထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံကမ်းရိုးတမ်း ဒေသများဖြစ်သည့် တနင်္သာရီကမ်းရိုးတမ်းနှင့် ရခိုင်ကမ်းရိုးတမ်းဒေသများတွင်လည်း ဆူနာမီသတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။သို့သော် ထိုနေ့ နေ့လယ်ပိုင်းတွင် အဆိုပါ ဆူနာမီသတိပေးချက်များအား ပြန်လည်ရုပ်သိမ်း ခဲ့ကြောင်းသက်ဆိုင်ရာ နိုင်ငံအသီးသီးမှ ပြန်လည်ကြေညာခဲ့သည်။အင်ဒိုနီးရှားနိုင်ငံ၊ ပါဒန်မြို့နှင့်မိုင် ၅၀၀ ကျော်ကွာဝေးသည့်ပစိဖိတ်သမုဒ္ဒရာအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်သည် အင်အားပြင်းထန်သော်လည်းပါဒန်မြို့တွင် ထိခိုက်မှုအနည်းငယ် သာရှိခဲ့ပြီး လူသေဆုံးမှုနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ကြသည်။အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒို ကလည်း အင် အားပြင်းငလျင် လှုပ်ခတ်ခဲ့သော်လည်း အင်ဒို နီးရှားနိုင်ငံ မြောက်ပိုင်းစူမားတြားဒေသမှာ လုံခြုံစိတ်ချရသည့်အနေအထားတွင်ရှိနေကြောင်း၊ အင်အားပြင်းထန်သော်လည်း မြို့နှင့်အလှမ်းကွာဝေးသဖြင့်  အနည်း ငယ်သာ ပျက်စီးနိုင်ကြောင်း အေ အက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။သို့သော် နိုင်ငံခြားသတင်းဌာနတစ်ခုဖြစ်သည့်မေးလ်အွန်လိုင်းသတင်းတွင် အင်အားပြင်းငလျင်ကြောင့် လူပေါင်းများစွာသေဆုံးခဲ့သည့်အပြင် အပျက် အစီးများလည်း ရှိနိုင်သည်ဟု ရေးသားဖော်ပြခဲ့သည်။
မယ်သီတာ