Main menu

Background

ပူူပြင်းခြောက်သွေ့ မှုဒဏ်ကို ခံစားနေရတဲ့ လယ်သမားများအတွက် ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကူညီရေးနည်းလမ်းများရှာ

Wed, 03/16/2016 - 15:30 -- journal_editor

      ယခုနှစ်မှာ ထိုင်းနိုင်ငံရှိ ပြည်နယ် ၂၂ ခုမှာ ပြင်းထန်တဲ့ မိုးခေါင် ခြောက်သွေ့မှုဒဏ်ကိုခံစားရပြီး အဆိုပါမိုးခေါင်ခြောက်သွေ့မှုဒဏ်ကိုခံနိုင်ရည်ရှိစေဖို့အတွက် တောင်သူလယ်သမားများက သီးနှံများကိုပြောင်းလဲစိုက် ပျိုးခဲ့ရပါတယ်။ ဒီလိုပြောင်းလဲစိုက်ပျိုးရာမှာ အောင်မြင်မှုရရှိစေနိုင်ဖို့ ထိုင်းစီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကကြိုးပမ်းဆောင်ရွက် နေကြောင်းနေးရှင်းသတင်းမှာဖော်ပြပါတယ်။အပိုဝင်ငွေရရှိရေးအတွက် လယ် သမားများက ယခုနှစ်အတွင်း ကျေး လက်ထုတ်ကုန်တွေ  ရောင်းချရာမှာလည်း ဝန်ကြီးဌာနက အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ ပဲမျိုးစုံ၊ မြေပဲ၊ ပြောင်း၊ ပီလောပီနံ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ စပါးလင်၊ ဖရုံသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ အုန်းသီး၊ ဒူးရင်းနဲ့ ငှက်ပျောသီး  စတဲ့သီးနှံတွေရဲ့ ဈေးကွက်တည်ငြိမ်ရေးအတွက် လည်းဝန်ကြီးဌာနက အကူအညီပေးနေကြောင်း လက်ထောက်အမြဲတမ်း အတွင်းဝန်ဆွမ်ချပ်ဆရွိုင်းသောင်းက ပြောပါတယ်။ရေနဲ့ မနီးတဲ့ သို့မဟုတ် ရေသွင်းစိုက်ပျိုးမှုမရှိတဲ့ သို့မဟုတ် အစားထိုးသီးနှံမစိုက်ပျိုးနိုင်တဲ့ နယ်မြေဒေသတွေမှာ လယ်သမားများရဲ့ဝင်ငွေဆုံးရှုံးမှုကိုကာမိစေဖို့အတွက်လယ်သမားများက သူတို့ကျေး လက်ဒေသတွေနဲ့ အထူးကိုက်ညီတဲ့ ထုတ်ကုန်တွေထုတ်လုပ်နိုင်ရေးအတွက် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ခံပြည်နယ်ရုံးများက အကူအညီပေးဖို့စီစဉ်ဆောင်ရွက်ထားပါတယ်။အဆိုပါ ထုတ်ကုန် တွေထဲမှာ အထည်ရက်လုပ်ခြင်းနဲ့ တောင်းများရက် လုပ်ခြင်းမှ အစပြုပြီး သစ်သားထွင်းထုခြင်း၊ အသုံးအဆောင်ပစ္စည်း ထုတ်လုပ်ခြင်း နဲ့ အလှဆင်လုပ်ငန်းများအထိပါဝင်ပါတယ်။ ဝန်ကြီးဌာနက ဒီလိုထုတ်ကုန်တွေအတွက် ဝယ်လက်များရရှိအောင် အကူအညီပေးသလိုဝယ်လိုအားရှိတဲ့ ကုန်ပစ္စည်းတွေကို လယ်သမားများက ထုတ်လုပ်ပြီး ဈေးကွက် များရရှိအောင်ဆောင်ရွက်နိုင်ရေးအတွက် ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးပါတယ်။ ယခုနှစ်အတွင်း ရောင်းလိုအား ကျဆင်းနိုင်တဲ့ အတွက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ဥနဲ့ ဝက်သားဈေးတွေ သာမန်ထက်ပိုမို မြင့်မားမယ်လို့ ဆွမ်ချတ်ကယုံကြည်ထားပါတယ်။ ဒါပေမယ့် ပစ္စည်းရှားပါး ပြတ်လပ်မှုလျော့ပါးသက်သာစေဖို့နဲ့  ဈေးနှုန်းတွေ အဆမတန်မြင့်တက်မသွားစေဖို့အတွက် ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိပါတယ်။ဈးနှုန်းတွေမြင့်တက်စေရန်ရည်ရွယ်ချက်နဲ့ကုန်သည်တွေက ကုန်ပစ္စည်းတွေ သိုလှောင် ထားမှာကို တားဆီးပြီး စားသုံးသူများကို အကာအကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံတစ်ဝန်းရှိ ဝန်ကြီးဌာနရဲ့ ပြည်နယ် ရုံးများက ကုန်စည် နဲ့ ဝန်ဆောင်မှုဈေးနှုန်းများကို စောင့်ကြည့်လေ့လာလျက်ရှိပါတယ်။