Main menu

Background

MPT က မဟာသြင်္ကန်ကာလကို ရန်ကုန်တွင် Lucky Hand နှင့် မန္တလေးတွငIron Cross တို့ဖြင့် ဆင်နွှဲမည်

Thu, 03/17/2016 - 11:08 -- journal_editor

    ကျရောက်တော့မည့် မဟာသြင်္ကန်ကာလတွင် MPT အနေဖြင့် ရန်ကုန် မြို့နှင့် မန္တလေးမြို့တို့တွင်မဟာသြင်္ကန်မဏ္ဍပ်များတည်ဆောက်၍ဆင် နွှဲ သွားမည်ဖြစ်ရာ အဆိုပါမဏ္ဍပ်များတွင်ပေါ့ပ်နှင့်ရော့ခ်ဂီတတို့ဖြင့် ဆင်နွှဲသွား မည် ဖြစ်ကြောင်းသိရသည်။ MPT၏ ရန်ကုန်မြို့တွင် ဆင်နွှဲမည့် မဟာသြင်္ကန်ရေကစား မဏ္ဍပ်တွငLucky Handဂီတဝိုင်းဖြင့်လည်းကောင်း၊ မန္တလေးမြို့တွင်ဆင်နွှဲမည့်မဟာသြင်္ကန်ရေကစားမဏ္ဍပ်တွင်Iron Cross ဂီတဝိုင်း ဖြင့်လည်းကောင်း ပျော်ရွှင်စွာရေကစားကြမည်ဖြစ်ကြောင်းသိရသည်။မန္တလေးမြို့၏ ကျက်သရေဆောင်ဖြစ်သည့် ကျုံး၏မြောက်ဘက်တွင် တည် ဆောက်ထားမည့်MPT ရေကစားမဏ္ဍပ်တွင် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြား သောရော့ခ်ဂီတအဖွဲ့ဖြစ်သည့် Iron Crossမှ ပင်တိုင်အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့က လိဒ်ဂစ်တာ ချစ်စမ်းမောင်၊  ဘေ့စ်ဂစ်တာ ခင်မောင်သန့်၊ ကီးဘုတ်ဗညားနိုင်၊ ဒရမ်မာ ခရမ်းတို့နှင့်အတူ ပရိသတ်များအား ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည်။ရန်ကုန်မြို့ပြည်လမ်းပေါ်ရှိ  MPT ၏ ရေကစားမဏ္ဍပ်တွင် Lucky Hand တီးဝိုင်းအဖွဲ့နှင့်အတူ ပေါ့ပ်၊ ရော့ခ်အဆိုတော်များဖြစ်သည့် ဝိုင်းစုခိုင်သိန်း၊ ချစ် ကောင်း၊ မေခလာ၊ အောင်ထက်၊ ဂရေဟမ်နှင့် နုနုစိန်တို့က ဖျော်ဖြေပေးသွားမည် ဖြစ်သည်။MPT-KGSM  ၏ Chief Commercial Officer  ဖြစ်သူ မစ္စတာကိုအိချိကာဝါဆဲက ''သြင်္ကန်ပွဲတော်ဟာ မြန်မာလူမျိုးတို့အတွက်ပျော်စရာအကောင်းဆုံးနဲ့ အထင်ကရ အဖြစ်ဆုံးပွဲတော်တစ်ခုပါ။ သုံးစွဲသူ ၁၉ သန်းကျော်ရှိနေတဲ့မြန်မာနိုင်ငံရဲ့အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ ရန်ကုန်နဲ့ မန္တလေးမှာအကောင်းဆုံးတေးဂီတအဖွဲ့တွေနဲ့ ပြည်သူတွေကိုဖျော်ဖြေနိုင်အောင်စီစဉ်ပေး နိုင်တဲ့အ တွက်ကျေနပ်မိပါတယ်''ဟု ပြောကြားခဲ့သည်။

မယ်သီတာ