Main menu

Background

အာဆီယံအမျိုးသမီးစွန့်ဦးတီထွင်သူများ ကွန်ဖရင့်သို့ အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီး ၃၀၀ ကျော်တက်ရောက်

Thu, 03/17/2016 - 14:27 -- journal_editor

   မတ် ၄ ရက်က ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့မှာ ''အေအီးစီဖွံ့ဖြိုးတိုးတက်ရေးတွင်အမျိုးသမီးစွန့်ဦးတီထွင်သူများဖော်ထုတ်ရေး''(Fostering Women Entrepreneurs in Advancing theAEC Development)ဆိုတဲ့ကွန်ဖရင့်ကို ကျင်းပခဲ့ရာ အဖွဲ့ဝင် ၁၀ နိုင်ငံမှ အမျိုးသမီးစွန့်ဦးတီထွင်သူ ၃၅၀ ကျော် တက်ရောက်ခဲ့ကြောင်းဗီယက်နမ် နယူးစ်အေဂျင်စီရဲ့သတင်းမှာဖော်ပြပါတယ်။အာဆီယံအမျိုးသမီးစွန့်ဦးတီထွင်သူများကွန်ရက်ASEAN Women Network)ရဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ်ဆောင်ရွက်တဲ့ ဒီဖိုရမ်မှာစီးပွားရေးလုပ်ငန်းတွင် အမျိုးသမီးများပါဝင် မှုအလားအလာ၊ သူတို့ရင်ဆိုင်နေရတဲ့ဖိအားပေးမှုစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အလားတူ မိမိတို့သက်ဆိုင်ရာနိုင်ငံများနဲ့ အာဆီယံဒေသရဲ့ စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာမှာ သူတို့ရဲ့အသိ Óဏ်နဲ့စွမ်းဆောင်ရည်ကိုဖွံ့ဖြိုးတိုးတက်လာအောင်အထောက်အကူပေးမယ့် ဖြေရှင်းချက်အဖြေများကိုလည်း စဉ်းစားဖော်ထုတ်ခဲ့ကြပါတယ်။''ဗီယက်နမ်အမျိုးသမီးများအပါအဝင်အာဆီယံအမျိုးသမီးစွန့်ဦး တီထွင်သူတွေကယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်တိုးတက်ကောင်းမွန်ရေးနဲ့အာဆီယံပေါင်းစည်းရေးကိုနက်ရှိုင်း စွာဆောင်ရွက်နိုင် ဖို့အတွက်သူတို့ရဲ့ စွမ်းအားအလားအလာတွေကို တိုးတက်အောင်ဆောင်ရွက်ရာမှာ  အခြား စီးပွားရေးလုပ်ငန်းများနဲ့ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ရေး   စတဲ့အချက်တွေကို ဦးစားပေးဆောင်ရွက်သွားဖို့ လိုပါတယ်''လို့   အခမ်းအနားဖွင့်ပွဲမှာ ကွန်ရက်ရဲ့ဒုတိယဥက္ကဋ္ဌ ငုယင်သီဒိုအမ်ကပြောပါတယ်။အမျိုးသမီးစွန့်ဦးတီထွင်သူတွေက အာဆီယံအသင်းရဲ့ပေါင်းစည်းမှုနဲ့ တီထွင်ဖန်တီးမှုကိုအထောက်အကူပေးပြီး အပြည်ပြည်ဆိုင်ရာနယ်ပယ်မှာ အာဆီယံဂုဏ်သိက္ခာ  ထိန်းသိမ်းရေး အတွက် ဆောင်ရွက်ရင်း မူဝါဒဆိုင်ရာ သုံးသပ်မှုနဲ့ အာဆီယံအစိုးရများညှိနှိုင်း ဆွေးနွေးမှုလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးစွန့်ဦးတီထွင်သူတွေက အရေးပါ တဲ့ အခန်းမှပါဝင်ခဲ့ကြကြောင်း သူမကပြောပါတယ်။အာဆီယံစွန့်ဦးတီထွင်သူများ အသိုက်အဝန်းအထူးသဖြင့် အမျိုးသမီးစွန့်ဦးတီထွင်သူများအသိုက်အဝန်းစည်းလုံးညီညွတ်မှုက အေအီးစီ ဖွံ့ဖြိုးရေးအတွက် ပိုမိုလှုံ့ဆော်အားပေး နိုင်ကြောင်းနဲ့  ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းအချင်းချင်း အကျိုးစီးပွားမျှဝေခံစားစေနိုင်မယ့်အပြင် အပြည်ပြည်ဆိုင်ရာ ပေါင်းစည်းရေးအတွက် အထောက်အကူ ပေးနိုင်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူး လီလျောင်မင်းက ပြောပါတယ်။