Main menu

Background

ရေနံထုတ်လုပ်သူများရဲ့ အပြုသဘောဆောင်တဲ့ အစည်းအဝေးကို ဧပြီလမှာ ကျင်းပနိုင်မယ်လို့ အိုပက်အထွေအထွေအတွင်းရေးမှူး မျှော်လင့်

Tue, 03/29/2016 - 13:10 -- journal_editor

   အီရန်နိုင်ငံက ရေနံတင်ပို့မှုကို မြှင့်တင်ဖို့ကြိုးစားနေ ပေမယ့် ဈေးနှုန်း တွေကို အထောက်အကူပြုစေဖို့အတွက် ရေနံထုတ်လုပ်တဲ့နိုင်ငံများရဲ့ ရေနံထုတ်လုပ်မှုထိန်းချုပ်ရေး အစီအစဉ်မှာလက်တွဲပါဝင်လိမ့်မယ်လို့မျှော်လင့် ထားကြောင်းရေနံတင်ပို့တဲ့နိုင်ငံများ အဖွဲ့(အိုပက်)အထွေထွေအတွင်းရေးမှူးရဲ့ မတ် ၂၁ ရက်က ပြောကြားချက် ကိုကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။ရေနံစိမ်းထုတ်လုပ်မှုထိန်းချုပ်ဖို့အတွက် အိုပက်အဖွဲ့ဝင် နိုင်ငံတွေနဲ့ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေက ကာတာ နိုင်ငံမှာ ဧပြီ ၁၇ ရက်မှာ တွေ့ဆုံဆွေး နွေးဖို့အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ဇန်နဝါရီလမှာ အနောက်နိုင်ငံတွေကစီးပွားရေးပိတ်ဆို့မှုကိုရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း အီရန်နိုင်ငံက ရေနံစိမ်း တင်ပို့မှုကိုတိုးမြှင့်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။''အစည်းအဝေးရလဒ်က အပြုသဘောဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အစည်းအဝေးကျင်းပမှာကိုအီရန်ကမကန့်ကွက်ပါဘူး။   ဒါပေမယ့်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်တွေတော့ ပေးထားပါတယ်။ မကြာမီမှာတော့အဖွဲ့ထဲကိုသူတို့လည်း   ပါဝင်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်''လို့ဗီယင်နာမှာ ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ အိုပက်အထွေထွေအတွင်းရေးမှူး အဗ္ဗ ဒူလာအယ်ဘ်ဘာဒရီက ပြောပါတယ်။ထုတ်လုပ်မှုထိန်းချုပ်ရေး အတွက်ကျယ်ကျယ်ပြန့်ပြန့်သဘော တူညီမှုရရှိရေးကအီရန်နိုင်ငံရဲ့ အနေအထားကြောင့်သွေးဖယ်သွားမှာမဟုတ်ဘူးလို့ဝေဖန်လျက်ရှိနေပါတယ်။   စောစောပိုင်း က ထုတ်လုပ်သူ တွေ အဓိက  ပါဝင်သင့်တယ်ဆိုတဲ့ သဘောထားကို ဆော်ဒီအာရေးဘီး ယား အပါအဝင်ပင်လယ်ကွေ့ဒေသမှ ရေနံတင်ပို့တဲ့နိုင်ငံတွေက ကိုင်စွဲထား ပါတယ်။ ယခုနှစ်အကုန်မှာ ရေနံထုတ် လုပ်မှုကိုထိန်းချုပ်ဖို့ သဘောတူညီမှုရ ပြီးသွားတဲ့နောက်ပိုင်းဖြန့်ဖြူးမှု လျှော့ချရေးအပါအဝင်ထပ်ဆင့်အရေးယူမှု တွေပြုလုပ်ဖို့လိုကြောင်း အချို့အိုပက် အဖွဲ့ဝင်နိုင်ငံတွေကပြောပါတယ်။ ရေနံထုတ်လုပ်မှုလျှော့ချရေးကိစ္စကို ပြောဖို့စောသေး တယ်လို့ ဆာဒရီက ပြောပါတယ်။