Main menu

Background

ပြင်ဦးလွင်မြို့တွင် ဒုတိယအကြိမ်ကော်ဖီအရည်အသွေးပြိုင်ပွဲ ကျင်းပ

Tue, 03/29/2016 - 13:18 -- journal_editor

ပြင်ဦးလွင်မြို့တွင်  ဒုတိယအကြိမ် ကော်ဖီအရည်အသွေးပြိုင်ပွဲကို မတ် ၁၂ ရက်မှ ၁၆ ရက်အထိ ပြင်ဦးလွင် ကော်ဖီစက်ရုံ မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲတွင်ဆုရရှိသောကော်ဖီ များကို အမေရိကန်ဈေးကွက်သို့ တင်ပို့သွားမယ် လို့ ကော်ဖီပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရှိရပါတယ်။  အမေရိကန်ကော်ဖီကျွမ်းကျင်သူများကိုယ်တိုင် မြန်မာနိုင်ငံဒေသ ထွက်ကော်ဖီနမူနာများကို စိစစ်ခဲ့တာဖြစ်ပါတယ်။ ပြည်ပဈေးကွက်သို့ ပြင်ဦးလွင်ဒေသထွက်ကော်ဖီများ ထိုးဖောက်နိုင်ရန် အဓိကရည်ရွယ်ပြီး ယခုပြိုင်ပွဲ ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြင်ဦးလွင်၊ မြစ်နီ၊ မိုးကုတ်၊ ရွာငံဒေသတို့မှ ကော်ဖီခြံရှင်များက သဘာဝကော်ဖီနမူနာ ၆၀ နဲ့ ပြိုင်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ ကော်ဖီ ငါးမျိုးကိုရွေးချယ်ပြီး အရည်အသွေးကောင်း မွန်ကြောင်းလက်မှတ်ကို မေလမှာထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ယခုပြိုင်ပွဲဟာ ကော်ဖီခြံရှင်များ  ကိုယ်တိုင်ထုတ်လုပ်တဲ့ သဘာဝကော်ဖီအသစ်များကို ဈေးကွက်သို့ဝင်ရောက် နိုင်ရန် အတွက် လမ်းဖွင့်ပေးခြင်းဖြစ်ပါတယ်။ မတ် ၁၂ ရက်မှ ၁၄ ရက်အတွင်းမှာ အခြောက်ခံခြင်း၊ လှော်ခြင်းများကို ပြုလုပ်ထားရ ပါတယ်။ ဝယ်လက်များကိုလည်း ပြိုင်ပွဲသို့ ဖိတ်ကြားထားပြီး မြန်မာကော်ဖီများကို မြည်းစမ်းဖို့အခွင့်အလမ်းကို ဖန်တီးပေးထား တာဖြစ်ပါတယ်။ ရွာငံကော်ဖီအသင်း ဥက္ကဋ္ဌလည်းဖြစ်၊ ကော်ဖီခြံရှင်လည်းဖြစ်တဲ့ ဦးဝင်းအောင်ကျော်က နိုင်ငံတကာကော်ဖီ စာရင်းမှာ မိမိတို့ရဲ့ ကော်ဖီများလည်း ထည့်သွင်းခွင့် အခွင့်အလမ်းကို ရရှိစေနိုင်တယ်လို့ ပြောကြားပါတယ်။ ရွေးချယ်ခံရသော ကော်ဖီနမူနာများကို ကော်ဖီအရည်အသွေးအဖွဲ့အစည်း (Coffee Quality Institute-CQI)  မှာ စာရင်းထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။                                                                                                                                                        
     CMK