Main menu

Background

တောင်ကိုရီးယားနိုင်ငံမှာ အသက်အရွယ်ကြီးရင့်သူဦးရေ တိုးတက်နှုန်းလျင်မြန်လာ

Tue, 03/29/2016 - 13:30 -- journal_editor

   မတ် ၂၃ ရက်ကထုတ်ပြန်တဲ့ စာရင်းဇယားများအရ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ အသက် ၆၅ နှစ်နဲ့ အထက်ရှိတဲ့သက်ကြီးရွယ်အို လူဦးရေက ၁၃ ရာခိုင်နှုန်းရှိခဲ့တဲ့အတွက်တောင်ကိုရီးယားနိုင်ငံကအသက် အရွယ်ကြီးရင့်တဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာတော့မယ့် အခြေအနေကိုရောက်ရှိနေကြောင်း ယွန်းဟပ် သတင်းမှာ ဖော်ပြပါတယ်။ကိုရီးယားစာရင်းရုံးက ထုတ်ပြန် တဲ့ ကိန်းဂဏန်းများအရ ၂၀၁၅ ခုနှစ် မှာ တောင်ကိုရီးယားရှိ လူဦးရေ သန်း ၅၀ ကျော်အနက်သက်ကြီးရွယ်အို ဦးရေက ၁၃ ဒသမ ၁ ရာခိုင် နှုန်းရှိတဲ့ အတွက် ၂၀၁၄ ခုနှစ်ကရှိခဲ့တဲ့ ၁၂ ဒသမ ၇ ရာခိုင်နှုန်းထက်ပိုမိုပြီး ၁၉၈၀ ပြည့်နှစ်ကရှိခဲ့တဲ့ ၃ ဒသမ ၈ ရာခိုင်နှုန်း ထက်အများကြီး ပိုမိုခဲ့ပါ တယ်။ ယေဘုယျအားဖြင့်  နိုင်ငံတစ်နိုင်ငံမှာ အသက် ၆၅ နှစ်နဲ့အထက်ရှိသူဦးရေ ၁၄ ရာခိုင် နှုန်းထက်ကျော်ရင်သက်ကြီးရွယ်အို များတဲ့နိုင်ငံအဖြစ်သတ်မှတ်ပါတယ်။ မွေးဖွားနှုန်းကျဆင်းမှုနဲ့အတူအသက် အရွယ်ကြီး ရင့်သူများပြားတာ ကြောင့်လုပ်သားဦးရေနည်းပါးပြီးကျန်းမာရေးနဲ့လူမှုဖူလုံရေးအသုံးစရိတ်မြင့်တက်လာနိုင်တဲ့အတွက် ဒီအခြေအနေမျိုးကတိုင်းပြည်စီးပွားရေးကိုပြင်းထန်တဲ့ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။တောင်ကိုရီး ယား နိုင်ငံမှာ ၂၀၀၅ ခုနှစ်က အသက်အရွယ်ကြီးရင့်သူဦးရေ က ၉ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၀ နှစ်အတွင်းမှာပင် ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တဲ့အတွက်အလား အလာမကောင်းပါဘူး။ အသက်အရွယ် ကြီးရင့်သူက  ၂၀၃၀ ပြည့်နှစ်မှာ ၂၄ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၄၀ ပြည့်နှစ်မှာ ၃၂ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၂၀၆၀ ပြည့် နှစ်မှာ ၄၀ ဒသမ ၁ ရာခိုင်နှုန်းရှိမယ် လို့ အေဂျင်စီက ခန့်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ် စစ်တမ်းများအရ  အလုပ်လုပ်ကိုင်နိုင်တဲ့အရွယ်ရောက်ရှိသူ ၁၀၀ က အသက်အရွယ်ကြီးရင့်သူ ၁၇ ဒသမ ၉ ဦးကို ထောက်ပံ့ပေးနေရပြီး ၂၀၄၀ ပြည့်နှစ်မှာအလုပ်လုပ်ကိုင် နိုင်သူ ၁၀၀ က အသက်အရွယ်ကြီးရင့်သူ ၅၇ ဒသမ ၃ ဦးကို ထောက်ပံ့ပေးရမယ့် သဘောရှိ ပါတယ်။