Main menu

Background

International Tourismus Borse-ITB Diamond Award 2016 ဆုကို ကယားပြည်နယ်လေ့လာရေး ခရီးသွားမှတ်တမ်း ဗီဒီယိုက ဆွတ်ခူးရရှိ

Wed, 03/30/2016 - 13:31 -- journal_editor

     မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာဗျူဟာရှိ ဝန်ဆောင်မှုကဏ္ဍတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုနယ်သာလန်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန(Center for pro-motion of imports from developing coun-tries-CBI) မှNetherlands Trust Fund(III)အစီအစဉ်ဖြင့် နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန(ITC)၏နည်းပညာအကူအညီဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သက်ဆိုင ်ရာဝန်ကြီး ဌာန/အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ကယားပြည်နယ် အခြေပြု အလုံးစုံပါဝင်သော ခရီးသွားလုပ်ငန်းစီမံကိန်း(Inclusive Tourism Focusing on Kayah State) ကို   ၂၀၁၄  ခုနှစ်မှစတင်၍ ကယား ပြည်နယ်တွင်  စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ITC ၏  အစီအစဉ်နှင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ပံ့ပိုး ကူညီမှုတို့ဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအထောက်အကူပြုနိုင်ရန် ဂျာ မနီနိုင်ငံသား ဒါရိုက်တာMax Kerkhoff ခေါင်းဆောင်သောအဖွဲ့ဝင်လေးဦးတို့သည် ၂၀၁၆  ခုနှစ်၊ ဖေဖော်ဝါရီ  ၅ ရက်မှ မတ် ၃ ရက်အထိ   မြန်မာနိုင်ငံသို့   လာရောက်ကာ ကယားပြည်နယ်နှင့် အင်းလေးဒေသတို့တွင် အခြေ ခံ၍ကယားပြည်နယ်လေ့လာရေး ခရီးသွားမှတ်တမ်းဗွီဒီယိုရိုက်ကူးခဲ့ကြသည်။ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ မတ် ၉ ရက် မှ ၁၃ ရက်အထိ ဘာလင်အပြည် ပြည်ဆိုင်ရာခရီးသွားလုပ်ငန်းပြပွဲ ၂၀၁၆ ခုနှစ်(Inter- national Touri -smus Borse-2016)  ကိုကျင်းပခဲ့ရာ မတ် ၁၀ရက်တွင် ကျင်းပသော အပြည် ပြည်ဆိုင်ရာ ခရီးသွားရုပ်ရှင်ပြပွဲပြိုင်ပွဲ၌ နိုင်ငံ တကာမှ ခရီးသွားဗီဒီယို ၁၃၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင်To be discovered : Kayah State Myanmar ခေါင်းစဉ်ဖြင့် ကယားပြည်နယ် လေ့လာရေး ခရီးသွားမှတ်တမ်း ဗီဒီယိုကITB Diamond Award 2016 ဆုကို ဆွတ်ခူးရရှိခဲ့ သည်။အဆိုပါမှတ်တမ်းဗွီဒီယိုကို https://www.youtube.com/watch?v=Dtkdyi 4toe0&feature=em-share_video_user (An Introduction to Kayah State in Myanmar) တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါ သည်။
မြတ်မြတ်စိုးမိုး
(NES Unit, DOTP)