Main menu

Background

ဆင်းကတ်အသစ်ဝယ်ယူအသုံးပြုသူများအတွက် အပိုဆောင်းငွေနှင့် ထပ်ဆင့်အပိုဆောင်းငွေများရရှိမည့်အစီအစဉ်ကို အမ်ပီတီ စတင်

Thu, 03/31/2016 - 16:02 -- journal_editor

    MPT ၏ ဆင်းကတ်အသစ်ကို စတင်သုံးစွဲသူများအတွက် အပိုဆောင်းငွေနှင့် ထပ်ဆင့်အပိုဆောင်းငွေများရရှိမည့်အစီအစဉ်ကို မတ် ၁၁ ရက်မှ စတင်လိုက်ကြောင်းMPT ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။ အဆိုပါ အစီအစဉ်အရ MPT ဆင်းကတ်အသစ်ကို စတင်အသုံးပြုချိန်တွင် အပိုဆောင်းငွေအဖြစ် ကျပ် ၅၀၀ စတင်ရရှိမည်ဖြစ်ပြီးထိုလက်ကျန်ငွေဖြင့်မည်သည့်ဝန်ဆောင်မှုကို မဆို ပြုလုပ်နိုင်မည်ဖြစ်သည်။ထို့ပြင် ဆင်းကတ်အသစ်တွင် ဖုန်းငွေဖြည့်ကတ်ဖြင့် လက်ကျန်ငွေ ဖြည့် သွင်းပါက ပထမဆုံးငွေဖြည့်ချိန်တွင် ငွေထည့်သွင်းသည့်ပမာဏအပေါ် မူတည် ပြီး အပိုဆောင်းငွေများထည့်သွင်းပေးမည်ဖြစ်ကာတစ်လတစ်ကြိမ် လက်ကျန်ငွေထပ်မံဖြည့်သွင်းပါက အပိုဆောင်းငွေကိုလေးလဆက်တိုက်ရရှိမည်ဖြစ်သည်။ယင်းအစီအစဉ်ကို Welcome Offer ဟု အမည်ပေးထားပြီး နံပါတ်အသစ်စတင်ချိန်မှရက်ပေါင်း ၃၀ အတွင်းအနည်းဆုံးလက်ကျန်ငွေကျပ် ၁၀၀၀ စတင် ဖြည့်သွင်းရ မည်ဖြစ်သည်။ ထိုကဲ့သို့ ငွေစတင်ဖြည့်သွင်းမှသာလျှင်ပထမဆုံးငွေ ဖြည့်သွင်းမှုအတွက် ထည့်သွင်းပေးမည့်ပထမဆုံးအကြိမ် အပိုဆောင်းငွေကို ရရှိမည်ဖြစ်သည်။ပထမဆုံးလက်ကျန်ငွေဖြည့်သွင်းချိန်တွင် ငွေပမာဏများလေ လေ နောက်ထပ်လေးလဆက်တိုက်ရရှိမည့်အပိုဆောင်းငွေပမာဏ များလေလေဖြစ် သည်။ အပိုဆောင်းငွေများအား ရက်ပေါင်း ၃၀ အတွင်းMPT  ဖုန်းအချင်းချင်း ခေါ်ဆိုမှု၊ MPT ဖုန်းအချင်းချင်း စာတိုပေးပို့မှုနှင့် PayAs YouGo  ဒေတာအသုံးပြု မှုအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါအစီအစဉ်ပြီးဆုံးမည့် အချိန်ကာလကိုMPT  က ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မယ်သီတာ