Main menu

Background

၂၀၁၆ ခုနှစ်အတွင်း အတိုးနှုန်းကို အနည်းဆုံးသုံးကြိမ်မြှင့်တင် မည်ဟု အမေရိကန်ဗဟိုဘဏ်အရာရှိက ခန့်မှန်း

Fri, 04/01/2016 - 15:41 -- journal_editor

အမေရိကန်စီးပွားရေး ဆက်လက်တိုးတက်ကောင်းမွန်နေပါက အမေရိကန် ဗဟိုဘဏ်အနေနဲ့ လာမည့်လကို အစောဆုံးထား၍ အတိုးနှုန်းကိုနောက်ထပ်မြှင့်တင် ပေးသင့်ကြောင်း အမေရိကန်ဗဟိုဘဏ်ထိပ်တန်းအရာရှိ တစ်ဦးရဲ့ မတ် ၂၂ ရက် နေ့ကပြောကြားချက်ကို ကိုးကားပြီး  စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ နှစ်မကုန်မီအတိုးနှုန်းကို နောက်ထပ်အနည်းဆုံး  သုံးကြိမ်  တိုးပေးသင့်ကြောင်း လည်းသူကပြောပါတယ်။မူဝါဒ ကို မပြောင်းလဲဘဲ  ဆက်လက်ထားရှိဖို့  မတ်လဒုတိယပတ်အတွင်းက ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။ ဒါပေမဲ့ အတိုးနှုန်းတွေဆက်လက်တိုးမြှင့်ရ မယ့် အကြောင်းတရားတွေရှိနေသေးတယ်လို့  ဖီလ်ဒယ်ဖီးယားဗဟိုဘဏ်ဥက္ကဋ္ဌ ပက်ထရစ် ဟာကာက ပြောပါတယ်။''ဒီကိစ္စအတွက် အချိန်ယူပြီးဆောင်ရွက်ဖို့ လိုမယ်လို့ထင်ပါတယ်''လို့ ၂၀၁၅ နှစ်လယ်က ဖီလ်ဒယ်ဖီးယား ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်လာတဲ့  မစ္စတာ ဟာကာကပြော ပါတယ်။ မစ္စတာဟာကာက ၂၀၁၇ ခုနှစ်ရောက်မှသာ ဗဟိုဘဏ်အစည်းအဝေး တွေမှာ မဲခွဲဆုံးဖြတ်တဲ့အခါ မဲပေးခွင့်ရမှာ ဖြစ်ပါတယ်။'အမေရိကန်စီးပွားရေးက ဒေါ်လာတန်ဖိုးခိုင်မာမှုအပါအဝင် တွေ့ကြုံရတဲ့ အခက်အခဲတွေကို အတော်ကြံ့ကြံ့ခံနိုင်ပြီ ဖြစ်ပါတယ်။ ဒီအတိုင်းဆက်ပြီးသွားမယ် ဆိုရင် အတိုးနှုန်းကိုနောက်ထပ် သုည ဒသမ ၂၅ ရာခိုင်နှုန်းတိုးမြှင့်ဖို့ ကျွန်တော် ထောက်ခံမှာဖြစ်ပါတယ်''လို့ သူကပြောပါတယ်။