Main menu

Background

ကုန်သွယ်မှုဆိုင်ရာများနှင့်ပတ်သက်၍ အကြံပေးချက်များပေးပို့နိုင်

Wed, 05/11/2016 - 12:09 -- journal_editor

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပို့ကုန်သုံးဆတိုးမြှင့်နိုင်ရေးအတွက် အထူးကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။ယင်းသို့ကြိုးစားလုပ်ဆောင်လျက်ရှိရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတစ်ခုတည်းဖြင့် လုပ်ဆောင်၍မရဘဲသက်ဆိုင်ရာဌာနများအပါအဝင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် ပြည်သူများကပါပူးပေါင်းပါဝင်လုပ်ဆောင်ကြရန်အထူးလိုအပ်လှပါသည်။သို့ဖြစ်ရာကုန်သွယ်မှုနှင့်ပတ်သက်သည့်ဝေဖန်အကြံပြုစာများကို Commerce Journal \ gmail:commercejournal.com(သို့မဟုတ်) စီးပွားေ ရးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(အမှတ်-၂၂၈-၂၄၀၊ ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့)သို့လည်းကောင်းပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ပးပို့လာ သည့် ေ၀ ဖန်အကြံပြုချက်များအနက်မှ သင့်တော်သည့် ဝေဖန်အကြံပြုချက်များအား အပတ်စဉ် တနင်္လာနေ့တွင်ထွက်ရှိမည့် Commerce Journal တွင် ထည့်သွင်းဖော်ပြပေးမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။