Main menu

Background

3rd HORECA Bizmatch Fair ကို မန္တလေးမြို့နှင့်ရန်ကုန်မြို့တို့တွင် ကျင်းပမည်

Thu, 05/12/2016 - 15:17 -- journal_editor

    ထိုင်းနိုင်ငံဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းစီမံခန့်ခွဲမှုအသင်းမှကြီးမှူး ကျင်းပမည့် 3rd HORECA Bizmatch Fairကိုမန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။အဆိုပါပြပွဲကို မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်တွင် မေလ ၁၁ ရက်တွင် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်တွင် မေလ ၁၂ရက်တွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။ယင်းပြပွဲတွင်ထိုင်းနိုင်ငံမှခေတ်မီ ဟိုတယ်လုပ်ငန်းသုံးဆိုင် ရာပစ္စည်းများ၊ အစားအစာနှင့်အဖျော်ယမကာလုပ်ငန်းစသည်တို့နှင့်ဆက်စပ်နေသည့် အသုံးအဆောင်၊ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချီ သူများ၊ အဆောက်အဦဒီဇိုင်းနှင့်လုပ် ငန်းထိန်းချုပ်မှုစနစ်ပရိုဂရမ်ရေးဆွဲသူ များ၊ အွန်လိုင်းေ ဈးကွက်ရှာဖွေသည့် ပံ့ပိုးဝန်ဆောင်မှုပေးသူများစသည့်ထိပ် တန်းထိုင်းကုမ္ပဏီပေါင်း ၂၀ခန့် လာ ရောက်၍ ဆွေးနွေးပြသကြမည်ဖြစ် ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲကို ၂၀၁၄ခုနှစ် ဧပြီလအတွင်းကတစ်ကြိမ်၊ ၂၀၁၅ခုနှစ် ဧပြီလအတွင်းက တစ်ကြိမ်စုစုပေါင်း နှစ်ကြိမ်လာရောက်ပြုလုပ်ခဲ့ရာ မြန်မာင်ငံမှ ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အဖျော်ယမကာလုပ်ငန်းရှင်များစသည့် ပြပွဲနှင့်သက်ဆိုင်သည့်စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်တစားလာရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှ Minister Councellor (Commercial)ဖြစ်သူ Mr. Pakainay Leng-EE ပြောကြားခဲ့ သည်။''၂၀၁၄ခုနှစ်ဧပြီလ အတွင်းကပြသခဲ့ တဲ့ပြပွဲကပထမဦးဆုံး အကြိမ်ပြသခဲ့တဲ့ပွဲပါ။ အဲဒီပွဲမှာ ဟိုတယ်နဲ့အစား အသောက်ဆိုင်ရာလုပ်ငန်းရှင်ပေါင်း ၃၀၀ လောက်တက်ရောက်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်ဧပြီလအတွင်းမှာ ကျင်းပခဲ့ တဲ့ပွဲမှာတော့ လုပ်ငန်းရှင်ပေါင်း ၄၅၀ ကျော်လောက် တက်ေ ရာက်ခဲ့ပါတယ်။ ဒီနှစ်မှာကျင်းပမယ့်ပွဲမှာတော့ လုပ်ငန်း ရှင်ပေါင်း ၁၀၀၀ လောက်တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှ Minister Councellor(Commercial) ဖြစ်သူ Mr. Pakainay Leng-EE က ပြောကြားခဲ့သည်။