Main menu

Background

ယာဉ်ယန္တရားတင်သွင်းမှုများအား လိုင်စင်တစ်စောင်လျှင် ၁၀ စီးသာ တင်သွင်းခွင့်ပြုမည် လုပ်ငန်းလိုအပ်ချက်အရ တစ်နှစ်လျှင် အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုမည်

Thu, 05/12/2016 - 15:33 -- journal_editor

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာယာဉ်တင်သွင်းမှုများကို ကန့်သတ်ဆောင်ရွက်ခဲ့သည်။ အဆိုပါကန့်သတ်ချက်များအရယာဉ်ယန္တရားကြီး များ တင်သွင်းမှုတွင် တစ်နှစ်လျှင် လိုင်စင်တစ်စောင်ကို ၁၀ စီးသာ တင်သွင်းခွင့်ပြုရန်ယာယီသတ်မှတ်ခဲ့ကြောင်းသိရသည်။သို့သော်ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့်လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်အရ အခက်အခဲ များ ဖြစ်ပေါ်နိုင်ခြင်း၊ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်မှုရှိခြင်းတို့အတွက်ကိုမူ တစ်နှစ်အတွင်း ကားစီးရေ အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သို့သော် လိုင်စင်တစ်စောင်လျှင် ၁၀ စီးသာတင်သွင်းခွင့်ပြု မည်ဖြစ်ပြီး လိုင်စင်အရေအတွက်ကိုမူ ကန့်သတ်ထားမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှသိရသည်။