Main menu

Background

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၈) သင်တန်းဖွင့်လှစ်မည်

Wed, 06/08/2016 - 12:58 -- journal_editor

             အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၈) ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။ ထိုသင်တန်းကို အမှတ် (၂၂၈-၂၄၀) ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကု န်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) စတုထ္ထထပ်ရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်လျှင် (၃) ရက် (တနင်္လာ၊ ဗုဒ္ဓဟူး ၊ သောကြာ) (နံနက် ၀၉ း ၃၀ နာရီမှ ၁၂ း ၃၀ နာရီထိ) ဖြင့် (၄) လကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းသားများ လက်ခံနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။