Main menu

Background

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း အမှတ်စဉ်(၉)ဖွင့်လှစ် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကားပြောကြား

Wed, 02/01/2017 - 12:11 -- journal_editor

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်းက ဖွင့်လှစ်လျက်ရှိသည့် အပြည်ပြည်ဆိုင် ရာကုန်သွယ်မှု အခြေခံသင်တန်းအမှတ် စဉ်(၉) သင်တန်းဖွင့်ပွဲအခမ်း အနားကို ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၈ ရက်က ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာ န၊ ညွှန်ကြားရေးမှူး ချုပ်  ဦးရန်နိုင်ထွန်း  တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
        ညွှန်ကြားရေးမှူးချုပ်ကပြောကြား ရာတွင် ကုန်သွယ်ရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်စေရန်နှင့်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ရည် ရွယ်၍ ၂၀၁၂ ခုနှစ်၊ ဧပြီလမှ စတင်၍ ကုန်သွယ်မှုသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ကြောင်း၊၂၀၁၆ ခုနှစ်အထိ ကုန်သွယ်မှုအခြေခံသင်တန်းရှစ်ကြိမ် နဲ့အဆင့်မြင့်သင်တန်းသုံးကြိမ်၊ Weekend Course တစ်ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၇၅၁ ဦးခန့် တက် ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှု ဆိုင်ရာပညာရပ်များကို ကုန်သွယ်မှု သင်တန်းကျောင်း၌  သင်ကြားပို့ချပေး လျက်ရှိရာတွင် ကုန်သွယ်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများ၊ ကုန်ပစ္စည်း အရည်အသွေးဆိုင်ရာ လုပ်ငန်းများ၊ ဉာဏမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူအကာအကွယ်ပေး ရေးလုပ်ငန်းများ စသည့်လုပ်ငန်းနယ် ပယ်အသီးသီး၏ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ပို့ချလျက်ရှိ သ ည့် အပြင် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ  ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ကုန်ပစ္စည်း အရည်အသွေးပိုင်းဆိုင်ရာ လုပ်ငန်းများတို့ကို  သင်ကြားပို့ချပေး လျက်ရှိကြောင်း၊ သင်တန်းတွင် သင် ကြားမည့် ဘာသာရပ်များအား မိမိ ဝန်ကြီးဌာနအပြင် ကုန်သွယ်မှုနှင့်သက် ဆိုင်သောအခြား ဝန်ကြီးဌာနများ၏ ဘာသာရပ်ဆိုင်ရာ  ကျွမ်းကျင်သူ အရာထမ်းများ၊ ပြင်ပဘာသာရပ် ကျွမ်းကျင်သူပညာရှင်များက လာ ရောက်ပို့ချမှာဖြစ်ကြော င်း၊ သင်တန်း သူ၊ သင်တန်းသားများအား ကုန်သွယ် မှုဆိုင်ရာလုပ်ငန်းဌာနများသို့ လက် တွေ့လေ့လာရေးခရီးစဉ်များကို  စီမံ ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ ပြည်တွင်း၊ ပြည်ပစီးပွားရေးပညာရှင်များ၏ စီးပွား ရေး၊ ကုန်သွယ်ရေး ဆိုင်ရာ ဟောပြော ပွဲများကိုလည်း စီမံဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
         အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြ သည်။ယခုဖွင့်လှစ်လိုက်သည့် အပြည် ပြည် ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်(၉)သို့ သင်တန်းသား၊ သင် တန်းသူ စုစုပေါင်း ၈၀ ခန့် တက်ရောက် ခဲ့ကြပြီး သင်တန်းကာလမှာ သုံးလခွဲ ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရ သည်။

 

မယ်သီတာ