Main menu

Background

ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ASEAN+3 အဆင့်မြင့်ဘဏ္ဍာရေးအရာရှိများ သုံးသပ်

Wed, 08/12/2020 - 13:21 -- journal_editor

ASEAN+3 ဘဏ္ဍာရေးပူးပေါင်းဆောင် ရွက်မှု လုပ်ငန်းစဉ်(Financial Cooperation Process)မဟာဗျူဟာလမ်းညွှန်မှုများအရ ဆောင် ရွက်သော အစီအစဉ်သစ်များကို အကောင်အထည် ဖော်ရာတွင် တိုးတက်မှု  အခြေအနေများကို ASEAN+3  အကြီးတန်းဘဏ္ဍာရေးအရာရှိများက သြဂုတ် ၅ ရက်တွင် ပြန်လည်သုံးသပ်ခဲ့ကြသည်။

အွန်လိုင်းဖြင့်  သြဂုတ် ၅ ရက်တွင် ကျင်းပ သော ASEAN+3  ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ကိုယ် စားလှယ်များအစည်းအဝေးတွင်  ဗီယက်နမ် ဒုတိယဘဏ္ဍာရေးဝန်ကြီး    ထရမ်ဇွမ်ဟာက အာဆီယံနှင့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုအရ ဆောင်ရွက်ခဲ့သည့် အရေးပါသော တိုးတက်မှု အခြေအနေများကို အလေးပေးဖော်ပြခဲ့သည်။

ကမ္ဘာလုံးနှင့် ဒေသဆိုင်ရာ စီးပွားရေးများ ကို ပြင်းထန်စွာထိခိုက်စေခဲ့သော ကိုဗစ်-၁၉ ၏ ရှုပ်ထွေးသော ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ ဖြစ်ပေါ်နေစဉ် ဤအစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး အာရှစီးပွားရေး များမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းမည်ဟု အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ က ခန့်မှန်းထားသည်။

''စီးပွားရေး ကျဆင်းမယ်လို့  ဆိုပေမယ့် ASEAN+3  ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်က ပြီးခဲ့တဲ့ကာလတွေမှာ အရေးပါတဲ့ အဆင့်တွေကို ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းအဖွဲ့တွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့

ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတွေ ချမှတ်ခဲ့တဲ့မူဘောင် တွေအတွင်း လုပ်ငန်းတွေကို ဆက်လက်ဆောင် ရွက်နိုင်ခဲ့ပြီး ထူးခြားတဲ့ ရလဒ်တွေရရှိခဲ့ပါတယ်'' ဟု ဟာကပြောသည်။