Main menu

Background

ကပ်ရောဂါကြောင့် မော်တော်ကား ရောင်းအား ခေါက်ချိုးကျသဖြင့် တိုယိုတာအမြတ်အစွန်းကျ

Wed, 08/12/2020 - 14:37 -- journal_editor

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် မော်တော်ကားရောင်း အားသည် ယခင်နှစ်ကရောင်းအား၏ ထက်ဝက်ခန့်အထိ ကျဆင်းသဖြင့် နောက်ဆုံးသုံးလပတ်တွင် တိုယိုတာ၏အမြတ်သည် ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အေပီသတင်းတွင်ဖော်ပြသည်။

ဧပြီ၊ မေ၊ ဇွန်သုံးလ ပတ်ကာလတွင် အမြတ်အစွန်းမှာ ယန်း ၁၅၈ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ) ရှိခဲ့သဖြင့် ယခင်နှစ်ကာလတူကရှိခဲ့သော အမြတ်ငွေ ယန်း ၆၁၉ ဘီလီယံအောက်ကို ကျဆင်းခဲ့သည်။

ဇွန်လကုန်အထိ သုံးလပတ်တွင် ကမ္ဘာတစ်ဝန်း၌ တိုယိုတာကား စီးရေ ၁ ဒသမ ၂ သန်းနီးပါး ရောင်းရသည့်အတွက် ယခင်နှစ်ကာလတူ ကရောင်းခဲ့ရသော စီးရေ ၂ဒသမ ၃ သန်းအောက်သို့ ကျဆင်းခဲ့သည်။

ကန့်သတ်ပိတ်ဆို့မှု၊ ထုတ်လုပ်မှုကျဆင်းမှုနှင့် ရောင်းအားကျဆင်း မှုတို့ကြောင့် သုံးလပတ်အလိုက် ရောင်းချမှုမှာ ၄၀ ရာခိုင်နှုန်း တန်ဖိုး အားဖြင့် ယန်း ၄ ဒသမ ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆ ဘီလီယံကျဆင်းခဲ့ကြောင်း ကုမ္ပဏီကပြောသည်။

အမေရိကန်၊ ဂျပန်နှင့် ဥရောပအပါအဝင် ကမ္ဘာ့ဈေးကွက်အားလုံး တွင် တိုယိုတာရောင်းအား အထိနာခဲ့သည်။ ယခင်နှစ် နှောင်းပိုင်းက ရောဂါပိုးစတင်ခဲ့သော တရုတ်နိုင်ငံတွင် ရောင်းချမှုပြန်လည်ကောင်းမွန် လာစပြုလာသည်။

ဂျပန်နိုင်ငံရှိ ပြိုင်ဘက်ကုမ္ပဏီများဖြစ်ကြသောဟွန်ဒါနှင့် နစ်ဆန်း တို့အပြင်  အမေရိကန်အခြေစိုက် ဂျင်နရယ်မော်တာတို့သည်လည်း နောက်ဆုံး သုံးလပတ်တွင် အရှုံးပြခဲ့ကြသည်