Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် စားသုံးရေးရာဦးစီးဌာန၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Fri, 09/18/2020 - 15:50 -- journal_editor

နေပြည်တော်၊ စက်တင်ဘာ ၁၂        ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောသည်။

          ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် COVID-19 ကြောင့် မိမိတို့၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်သည့်အပြင် တစ်ဦးချင်းအနေနဲ့လည်းလိုက်နာဆောင်ရွက်ရမှာဖြစ် ကြောင်း၊ မလိုအပ်ဘဲအပြင်မထွက်ရန်လိုအပ်ကြောင်း၊ တာဝန်အရထွက်ရပါကလည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်များနှင့် အညီလိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်မိမိဌာန၏ လုပ်ငန်းတာဝန်များအပြင် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၏ လုပ်ငန်းများတွင်လည်းပူးပေါင်းဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာတဲ့အတွက် လူဝင်/ထွက်မှုအားကန့်သတ်တားဆီးမှုများရှိသည့်အတွက် ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်လာနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးနှင့်ကျန်းမာရေးသုံးပစ္စည်းများအား ဖြစ်သင့်သည့် ဈေးထက်မြင့်တက်ရောင်းချမှုများကိုလည်း စစ်ဆေးဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် စစ်ဆေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆေင်ရွက်သွားရမှာဖြစ်ကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရိက္ခာ၊ ဆန်နှင့်ဆီဝယ်ယူသိုလှောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များအပြင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊

ရုံးချုပ်အနေနဲ့လည်းလုပ်ငန်းများကိုပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲများကို Online မှ ဆောင်ရွက်လျက်ရှိကြောင်း၊ Online မှ ညှိနှိုင်းဆောင်ရွက်မှု့များသည် COVID-19 ကပေးတဲ့ New Normal အခြေအနေဖြစ်ပါကြောင်း၊ လုပ်ငန်းများကို New Normal အရ အရှိန် အဟုန်မပျက်ဆောင်ရွက်ရမှာဖြစ်ကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ၊ စားသုံးသူ သက်သာချောင်ချိရေးလုပ်ငန်းများ၊ အရေးပေါ်ရိက္ခာဆန်နှင့် ဆီသိုလှောင်မှုအခြေအနေများ၊ တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့မှ ဆန်စပါးဝယ်ယူသိုလှောင်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ် သက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်တွင်းကုန်သွယ်မှုအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အသင်းအဖွဲ့များ၊ ကဏ္ဍအလိုက်ဇုန်များ၊ အစုအဖွဲ့များဖွဲ့ စည်းဆောင်ရွက်သည့်လုပ်ငန်းများ၊ COVID-19 အလွန်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များတွင် လုပ်ငန်းများဆောင်ရွက်နေမှုများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်မှ ပြန်လည်ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။

ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ထပ်မံဖြည့်စွက်ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

                                                                                                                                                                                                               MOC IR