Main menu

Background

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Fri, 10/02/2020 - 12:43 -- journal_editor

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင်၊ မကွေး တိုင်းဒေသကြီး၊မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ အိုးဘိုရပ်ကွက် အောင်ချမ်းသာရပ်ရှိ အောက် ဖော်ပြပါ အဆောက်အဦတစ်လုံးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (၁)နှစ်သက်တမ်း (၁)နှစ် တစ်ကြိမ်စာချုပ်ဖြင့်ငှားရမ်းသွားမည်ဖြစ်ပါသည်-

          ရေနံချောင်းမြို့  အဆောက်အဦ (၁)လုံး       (၆၀’ x ၄၀’ x ၂၀’) ၊ (သွပ်၊ အုတ်၊ ကွန်)

၂။       အဆိုပါ  အဆောက်အဦတစ်လုံးအား (၁၅.၁၀.၂၀၂၀)နေ့နောက်ဆုံးထား၍ အဆိုပြုလွှာ နှင့်အတူ မိမိဌာနမှ ငွေစာရင်း Account ဖွင့်လှစ်ထားသော မြန်မာ့စီးပွားရေးဘဏ်များတွင် Deposit ပေးသွင်းထားသော P.O Cheque ပူးတွဲတင်ပြရပါမည်။ Tender ယှဉ်ပြိုင်ရမည့် နေ့ရက်နှင့် အချိန်အား ထပ်မံအကြောင်းကြားမည်ဖြစ်ပါသည်။

၃။      စိတ်ဝင်စားသူများသည် သတ်မှတ်ရက်အတွင်း အဆိုပြုလျှောက်လွှာ တင်သွင်းနိုင်ပြီး ၎င်းရက်ထက်ကျော်လွန်ပါက လျှောက်လွှာများကို လက်ခံမည်မဟုတ်ကြောင်း ကြော်ငြာအပ်ပါ သည်။

၄။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း- ဝ၆၃-၂၀၂၃၁၉၆ ၊ ဝ၆၃-၂၀၂၃၁၉၇၊ ဝ၆၃-၂၀၂၃၁၉၈ နှင့် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အနော်ရထာလမ်း၊ စိုးကောမင်းရပ်၊ မကွေးမြို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

                                                                             တိုင်းဒေသကြီးဦးစီးမှူး

                                                                             မကွေးတိုင်းဒေသကြီး

                                                                             စားသုံးသူရေးရာဦးစီးဌာန