Main menu

Background

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show Online တင်ဆက်မှုပြုလုပ်

Thu, 10/15/2020 - 12:53 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးဆိုက်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show Online အစီအစဉ် Online လွှင့်တင်အသိပညာပေးခြင်းကို အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၁ နာရီတွင် ကော့သောင်းခရိုင်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာနခန်းမတွင် ဆွေးနွေးရိုက်ကူးခဲ့ကြောင်းသိရသည်။

ဆွေးနွေးရာတွင် ကော့သောင်းရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာက စားသုံးသူကာကွယ်ရေးဥပဒေပါအခန်းကဏ္ဍများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့် ဆိုချက်များ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့် အရေး(၈) ချက်ပါအကြောင်းအရာများ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူနစ်နာမှုများအတွက် တိုင်ကြားနိုင် သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာသိသင့်သိထိုက်သည်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်မှုကာလအတွင်း စားသုံးသူများအား အကာအကွယ်ပေးမှုအစီအစဉ်များနှင့်လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ပါချန်သူ(ကော့သောင်း)