Main menu

Background

E-Commerce Virtual Event 2021 ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်

Mon, 03/22/2021 - 12:12 -- journal_editor

                 E-Commerce Virtual Event 2021 ပြပွဲကို ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနက ကြီးမှူးကျင်းပ၍ ၂၀၂၁ ခုနှစ် ၊ မေလ ၁၇ ရက်နေ့ မှ ၂၁ ရက်နေ့ထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရှိရပါသည်။

              ပြပွဲတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများကို ထိုင်းနိုင်ငံရှိကုမ္ပဏီများက ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ ပြပွဲနှင့် အတူ Panel Discussions/ Presentations နှင့် Online Business Matching ကိုလည်းထည့်သွင်း ကျင်းပသွားမည်ဖြစ်ပါသည်။

              ယင်းပြပွဲသို့ မြန်မာနိုင်ငံက သွင်းကုန်တင်သွင်းသူလုပ်ငန်းရှင်များ၊ ပစ္စည်းဝယ်ယူလိုသူများနှင့်   စိတ်ပါဝင်စားသူများ တက်ရောက်လိုပါက ဒေါ်ယဉ်မေသိန်း၊ ထိုင်းစီးပွားရေးသံမှူးရုံး၊ ရန်ကုန်မြို့ ၊ Email: yinmaythein @gmail.com နှင့် ditpthailand9@gmail.com သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင် ကြောင်း သိရှိရပါသည်။

                                                                                                                                

              ဆုမွန်သိန်း

    ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ

    မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့