Main menu

Background

ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သောင်းတစ်ထောင်ကျော်တင်ပို့

Thu, 05/27/2021 - 15:03 -- journal_editor

           ၂၀၂၁ခုနှစ်၊ မေလလယ်ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၆၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၂၀ကျော် နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန်၈၀ကျော် ၊  စုစုပေါင်း တန်ချိန် ၆၇၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာသုညဒသမ ၂၂၃သန်းကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ် နှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၄၀၀/ခန့်လျော့နည်းတင်ပို့ခဲ့ပါသည်။

                    ယခုတစ်ပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ၃ ဒသမ၀၅သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၀၃၈၀/ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ တန်ချိန် ၆၈၉၀/ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၂၅၃၀/ကျော်နှင့်ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၉၅၀/ကျော် တင်ပို့နိုင်ခဲ့ပါသည်။ ယခင် တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲ တန်ချိန် ၁၅၀၀/ကျော် ပိုမိုတင်ပို့ခဲ့ပါ သည်။

          ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၀၅၀/ကျော် တင်ပို့ ခဲ့ပါသည်။                                                                                               

          အေးအေးသန့်