Main menu

Background

ဆေးခန်း/ ဆေးဆိုင် /ဆေးဝါးရောင်းချသောလုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေး

Fri, 08/27/2021 - 16:12 -- journal_editor

            ကယားပြည်နယ် ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ မှ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းအထောက်အကူပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စေရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  လွိုင်ကော် မြို့ပေါ်ရှိ ဆေးခန်း/ ဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် လ (၂၁)ရက်နေ့၊ နေ့လည် (၁၄း၀၀)နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19  ညွှန်ကြားချက်နှင့်အညီ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ ဥက္ကဌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စစ်ဆေးကြပ်မတ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက တွေ့ဆုံဆွေးနွေးရခြင်းအကြောင်းမှာ အဖွဲ့၏ ဆောင် ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်များထဲမှ  သက်ပိုင်ဆေးခန်း/ ဆေးဆိုင်လုပ်ငန်းရှင်မှ ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် ဆေးဝါးများသိုလှောင် ထားခြင်း မရှိကြောင်း ၊ ကုမ္ပဏီများမှ တိုက်ရိုက်မှာယူရာတွင် ဘဏ်ငွေလွှဲမှု အခက်အခဲများရှိသဖြင့် မြို့ပေါ်ရှိ လက်လီ/လက်ကားဆိုင်ကြီးများမှ လိုအပ်သောဆေးဝါးများသာ မှာယူနေကြောင်း တင်ပြ ဆွေးနွေးပြီးနောက်  ဆက်လက်၍ ထူးသစ္စာ ဆေးဆိုင်လုပ်ငန်းရှင်မှ ဆေးများ ဝယ်ယူ ရာတွင် ယခင် တောင်ကြီးမှ မှာယူရောင်းချလျှက်ရှိရာ ယခုအခါ ဘဏ်ငွေလွှဲမှု အဆင်မပြေသဖြင့် မြို့ပေါ်ရှိ လက်လီ /လက်ကားဆိုင်ကြီးများ မှ မှာယူရောင်းချလျှက်ရှိကြောင်း၊ ဆေးဝါးအမျိုး အစား အများစုမှာ ပြတ်လပ် နေသဖြင့် ရှိသည့်ဆေးသာ ရောင်းချနေရပါကြောင်း တင်ပြဆွေးနွေး ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ပြန်လည်ဖြေကြား ဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။

                    အေးအေးမော်(ကယား)