Main menu

Background

COVID-၁၉တတိယလှိုင်းကာလအတွင်း မအူပင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနက ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်မှုအရ ဆေးပစ္စည်း အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်း

Fri, 08/27/2021 - 16:16 -- journal_editor

                     COVID-၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလအတွင်း ကူးစက်ရောဂါကာကွယ်ကုသရေး ဆေးဝါးဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည် အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး စည်ပင်သာယာရေး၊ ကျန်းမာရေး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ဆေးနှင့် ဆေးပစ္စည်း ကုန်သည်အသင်းနှင့် အတွင်းရေးမှူးအဖြစ် မအူပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တို့ ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့သည် မအူပင်မြို့ပေါ်ရှိဆေးဆိုင်များသို့ ယခုလအတွင်း ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအဖွဲ့သည် မအူပင်မြို့ပေါ်ရှိ ကျားဗိုလ်ဆေးဆိုင်၊ မြမဉ္ဇူဆေးဆိုင်၊ ဒေါ်သိန်းညွန့်ဆေးဆိုင်၊ စောဒေဝီဆေးဆိုင်၊မြမြဆေးဆိုင်၊ ရိုဇီဆေးဆိုင်၊ ဦးလှထွန်းဆေးဆိုင်နှင့် မြို့ပေါ်ရှိဆေးဆိုင်များ အားလုံးသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်း ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေ ရေး နေ့စဉ်ဆေးဆိုင်ဖွင့်လှစ်၍ COVID-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချ နိုင်ရေး ဆေးနှင့်ဆေးပစ္စည်းများ သတ်မှတ်အရည်အသွေးပြည့်မှီရေး၊ ဈေးနှုန်းမှန်ကန်ရေးနှင့် ဈေးနှုန်း မြင့်တက်မှုမရှိစေရေးတို့ကို အကျယ်တဝင့်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

             SWNDOCA PT