Main menu

Background

ဟင်္သာတမြို့တွင် ဆန်တစ်ပြည်(၁၀၀၀)ကျပ် ၊ ကြက်ဥတစ်လုံး (၁၀၀)ကျပ်ဖြင့် ရောင်းချ

Mon, 08/30/2021 - 14:20 -- journal_editor

         ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့တွင် ဩဂုတ်လ (၂၈.၈.၂၀၂၁)နေ့လည်ပိုင်းမှစ၍ ဟင်္သာတမြို့ ၊ ရုံးကြီးရပ် ၊ ရဲဖြတ်လမ်းရှိ ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် ကိုဗစ် ( ၁၉ ) တတိယလှိုင်းကာလ ဟင်္သာတမြို့ပေါ်ရှိ အခြေခံလူတန်းစား ပြည်သူများ ဈေးနှုန်းချို သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် လူတစ်ဦးလျှင် ဆန်တစ်ပြည် ၊ကြက်ဥ (၅)လုံးနှုန်းဖြင့် ဧည့်မထဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ် ၊ ကြက်ဥတစ်လုံးလျှင် (၁၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး လျက်ရှိပါသည်။ထိုသို့ရောင်းချပေးခြင်းကို ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ စားသုံးသူရေး ရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း နှင့် ဟင်္သာတမြို့နယ် မွေးမြူရေး လုပ်ငန်းရှင်များပူးပေါင်း၍ ရောင်းချပေးခြင်းဖြစ်ပြီး တစ်နေ့လျှင် ဆန်အိတ်(၃၀)၊ ကြက်ဥ(၁၀၀၀) နှုန်းဖြင့် (၂၈.၈.၂၀၂၁) မှ (၆.၉.၂၀၂၁)နေ့ထိ (၁၀)ရက်တိုင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

 မောင်မောင်မြတ်ခိုင်