Main menu

Background

အညာဒေသ၌ မြေပဲလှိုင်လှိုင်ပေါ်နေပြီး ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရှိနေ။

Fri, 09/17/2021 - 13:24 -- journal_editor

           မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်းမြို့နယ်၌ မြေပဲလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ဒေသခံများပဲပေါ်သည့်ကာလတွင် ဝင်ငွေရရှိနေကြကြောင်းသိရသည်။ မိုးဦးစိုက်မြေပဲများ နှုတ်သိမ်းနေကြပြီးဖြစ်ပြီး မြေပဲမျိူးဆန်သုံးတင်းစိုက်ပျိူးခဲ့ပါတယ်။အထွက်နှုန်းမှာ မြေပဲတင်းတစ်ရာဝန်းကျင်ထွက်ရှိတယ်။ တစ်တင်းလျှင် ငွေကျပ်၁၂၀၀၀ ရောင်းရတယ်ဟု ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသခံ တောင်သူကိုအောင်စိုးမိုးကပြောသည်။ယခုနှစ်မိုးမြေပဲအထွက်နှုန်း အသင့်အတင့်ရှိသည့်အပြင်စျေးမှာ မြေပဲတစ်တင်းလျှင်ငွေ ကျပ်၁၂၀၀၀ ရောင်းရတဲ့အတွက်မြေပဲစိုက်ပျိုးစရိတ်နှင့် နှိုင်းယှဉ်ပါက မြေပဲကနေအမြတ်ရရှိကြောင်း ချောက်မြို့နယ်ရှိ ရန်ကုန်ပြည်မန္တလေးကားလမ်းဘေးမှ ဒေသခံတောင်သူတစ်ဦးကပြောသည်။မြေပဲများလှိုင်လှိုင်နှုတ်သိမ်းနေသည့် ကာလဖြစ်ရာဒေသခံများအတွက် တစ်မနက်နေ့တစ်ဝက်လျှင်ငွေကျပ် တစ်ထောင့်ငါးရာကနေ ကျပ်နှစ်ထောင်အတွင်း အလုပ်သမားခရရှိနေကြပြီး ပုတ်ပြတ်စနစ်ဖြင့်လုပ်ကိုင်ပါက တစ်နေ့ဝင်ငွေကျပ် ၈၀၀၀ အထိရရှိကြောင်းဒေသခံများထံကသိရသည်။လက်ရှိမြေပဲတစ်တင်းလျှင် ငွေကျပ်၁၂၀၀၀၊ ပေါက်စျေးဖြင့် ရွာခံပွဲစားများထံ ရောင်းချကြကြောင်းသိရသည်။

ရွှေဇင်(ရေနံချောင်း)