Main menu

Background

စိုက်ပျိုးချိန်နီးလာသော်လည်း ကြက်သွန်နီစျေးအေးနေသောကြောင့် ပျိူးဥစျေးကွက်ငြိမ်နေ။

Fri, 09/17/2021 - 13:56 -- journal_editor

   မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်သည် ကြက်သွန်နီကိုဥပျံစိုက်ကြက်သွန်နီခေါ်ကိုင်းမြေမြေနုစိုက်နှင့်ပျိုးပင်စိုက်ကြက်သွန်နီခေါ်ချောင်းကြက်သွန်နီတို့ကို အဓိကစိုက်ပျိုးကြသည်။ ဥပျံစိုက်ကြက်နီကိုနိုဝင်ဘာလ၊ဒီဇင်ဘာလ တွင်ကိုင်းမြေနှင့်ချောင်းမြေနုများ၌စိုက်ပျိုးကြကြောင်း ယခုနှစ်၌ မိုးရေကိုအဓိကထားပြီး ယာမြေများမှာ ပဲအမျိုးမျိုးအားထားစိုက်ခဲ့သည့်တောင်သူအချိူ့ပင် မြေအောက်အဝီစိတွင်းတူး၍ ရေယူကာကြက်သွန်နီကို ဆောင်းရာသီ၌ စမ်းသပ်၍ စိုက်လာကြပြီး ဝင်ငွေရကြောင်းသိရသည်။ ပျိုးစျေးကွက်အနေအထားအရ နှစ်စဥ်စက်တင်ဘာလမှစ၍ ဥပျံဝယ်လိုအားအရောင်းအဝယ်စတင်ချိန်ဖြစ်သော်လည်း လက်ရှိအရောင်းအဝယ်အေးနေကြောင်း ဒေသခံတောင်သူ တစ်ဦးထံကသိရသည်။လက်ရှိကြက်သွန်နီလက်လီတစ်ပိဿာ ငွေကျပ်၄၀၀ဝန်းကျင်သာရှိပြီး ကြက်သွန်နီဥလတ်များမှာ တစ်ပိဿာငွေကျပ်၃၅၀၊ သုံးပိဿာဝယ်လျှင်ငွေကျပ်၁၀၀၀ဖြင့် ရပ်ကွက်များအတွင်း ခေါင်းရွက်ဗျတ်ထိုးနှင့် လှည့်လည်ရောင်းချကြသည်ကိုတွေ့ရပြီး ကြက်သွန်နီစျေးအေးနေသောကြောင့် စိုက်ပျိုးမည့် ဥပျံစျေးကျွဲကူးရေပါဖြစ်နေကြောင်း ဒေသခံစျေးကွက်မှစုံစမ်းသိရှိရသည်။ရေနံချောင်းမြိုနယ်တွင် နှစ်စဉ်ကြက်သွန်နီစိုက်ဧကသုံးထောင် ကျော်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရသိရသည်။

ရွှေဇင်(ရေနံချောင်း)