Main menu

Background

ထိရောက်သည့်ပြည်တွင်းဈေးကွက်ထိုးဖောက်ရှာဖွေရေးနည်းလမ်းကောင်းများ

Fri, 09/24/2021 - 14:46 -- journal_editor

            ကုန်ပစ္စည်းတစ်ခုဖောက်သည်များကိုပေးအပ်သည့်ပစ္စည်းများသည် ဖောက်သည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရမည့်အရာဖြစ်ရမည်။ ကိုယ်ရောင်းမယ့်ပစ္စည်းက ပတ်ဝန်းကျင်မှာလုပ်သည့်သူနည်းပါးပြီး လူအများ စိတ်ဝင်စားနိုင်သည့်၊ အသုံးဝင်နိုင်သည့် ပစ္စည်းဖြစ်နေရပါမည်။ ယင်းကဲ့သို့လုပ်သည့်သူနည်းမှ ကိုယ်ကဈေးကွက်ထဲမှာ လက်ဉီးမှုအရင်ဖြစ်နေပြီး အမြတ်တွေလည်းပိုမိုရရှိမှာဖြစ်ပါသည်။ ဈေးနှုန်းအမြတ်အစွန်းရရှိစေရုံသာမက ဖောက်သည်တွေကလည်း လိုလိုလားလားပေးလိုသည့်ဈေးဖြစ်နေရပါမည်။ ထိုဈေးကွက်ထဲကို ကိုယ့်ပစ္စည်းစဖြန့်သည့်အချိန်မှာ ဈေးအရမ်းချိုသာနေစရာမလိုသလို၊ အရမ်းလည်းဈေးကြီးစရာလည်းမလိုပါ။ ကိုယ့်ပစ္စည်းက ဖောက်သည်တွေ ပေးရသည့်ဈေးနှင့်တန်သည့် အရည်အသွေးရှိနေရပါ မည်။ ကိုယ့်အတွက်အမြတ်ကျန်နေရမည့်ဈေးနှုန်းဖြစ်နေရပါမည်။

       ရောင်းအားမြှင့်တင်ခြင်း – ဖောက်သည်များကို သတင်းပေးခြင်းနှင့်ဆွဲဆောင်ခြင်းဖြစ်ပါသည်။ တခါတလေ promotion တွေလုပ်ပေးခြင်း၊ အနည်းဆုံး တစ်လတစ်ခါဈေးလျှော့ရောင်းတာမျိုးတွေ၊ ရာသီပွဲတွေနှင့်နီးလာရင် ဈေးချတာမျိုးလုပ်ပေးသင့်ပါသည်။ နေရာ – ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုကို ဖောက်သည်များထံသို့ မည်သည့်နည်းဖြင့်ရောက်ရှိအောင်ပြုလုပ်ခြင်းဖြစ်ပါသည်။ ဝယ်ယူသူတွေလာဝယ်လို့ကောင်းသည့်နေရာမျိုးမှာ၊ လူစည်ကား တတ်သည့်နေရာမျိုးမှာဆိုင်ခန်းဖွင့်ပြီး ကိုယ့်ပစ္စည်းကပိုက်ဆံရှိသည့်လူတန်းစားဆို ကားပါကင်ရှိသည့်နေရာမျိုးကိုရှာရမည်ဖြစ်ပြီး သာမာန်လူတန်းစားပဲဆို သာမာန်သင့်တင့်သည့်နေရာမျိုး၊ သွားရလာရကောင်းသည့်နေရာမျိုးမှာ ဖွင့်ရပါမည်။

        လူပုဂ္ဂိုလ်များ - အရေးပါသောဝန်ထမ်းများကို ရွေးချယ်ခန့်အပ်လေ့ကျင့်သင်ကြားပေးပြီး ကျွမ်းကျင်သည့်ဝန်ထမ်းများဖြစ်လာအောင်ပြုစုပျိုးထောင်ပေးဖို့လိုအပ်ပြီး ကိုယ့်အလုပ်ကိုချစ်သည့်ဝန်ထမ်းမျိုး၊ ဧည့်သည်ကို ယဉ်ယဉ် ကျေးကျေးနှုတ်ဆက်ပြီး ဈေးရောင်းတတ်သည့်ဝန်ထမ်းမျိုးကို သေချာရွေးပြီး ဖောက်သည်ဆီပစ္စည်းတွေအလျင်အမြန်ရောက်ရှိစေရန် အလုပ်များကိုစနစ်တကျစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။လုပ်ငန်းဆောင်တာများကိုလည်း စနစ်တကျတိတိကျကျမှုရှိရပါမည်။ ဖောက်သည်တွေဆီ ဒီနေ့ရောက်မယ်ဆို ဒီနေ့ယင်းပစ္စည်းရောက်ကိုရောက်နေရမည်ဖြစ်ပြီး ဘာမှအခက်အခဲမရှိလွယ်ကူလျင်မြန်စွာနှင့်ဖောက်သည်ဆီရောက်နိုင်ရမည်ဖြစ်ပါသည်။

         အပြင်ပန်းသဏ္ဍာန်တွင် ဖောက်သည်တွေစိတ်ထဲမှာ မိမိစီးပွားရေးလုပ်ငန်းနှင့်သက်ဆိုင်သည့်ပုံရိပ်ကို ပုံဖော်ပေးခြင်းဖြစ်ပြီး ကိုယ့်ဆိုင်၏သွင်ပြင်က သူတို့နောက်တစ်ခါလာချင်အောင်စွဲဆောင်မှုရှိနေရမည့်အချက်သည်လည်း သိပ်အရေးကြီးသည့်အချက်တစ်ချက်ပင်ဖြစ်ပါသည်။

         ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ထားချိန်တွင် Covid-19 ၏ နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေမှုနှင့်ပြည်တွင်း/ ပြည်ပ စျေးကွက်များအပေါ် သက်ရောက်မှုကိုနေ့စဉ်လေ့လာသုံးသပ်ကာ တိုင်းဒေသကြီး/ ပြည်နယ်ဒေသအသီးသီးရှိ ပုဂ္ဂလိကလုပ်ငန်းရှင်ကုန်သည်/စက်ပိုင်များ၊ အသင်းအဖွဲ့များနှင့်ညှိနှိုင်းပူးပေါင်း၍ ပြည်တွင်းစျေးကွက်တည်ငြိမ်စေရေးနှင့် ပြည်တွင်းစားသောက်ကုန်ပစ္စည်းများဖူလုံစေရေးအလို့ငှာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပတင်ပို့ ရောင်းချမှုကိုလည်း Exporter များနှင့် ညှိနှိုင်းပြီး စနစ်တကျစီမံဆောင်ရွက်သွားနိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရနှင့် အချို့သောအဖွဲ့အစည်းများတွင်လည်း ပြည်တွင်းဖြန့်ဖြူးရောင်းချနေသည့် ကုန်သည်စက်ပိုင်များ၊ ကုမ္ပဏီများအနေဖြင့်လည်း ပစ္စည်းမှန်၊ စျေးနှုန်းမှန်စွာဖြင့် ရောင်းချဖြန့်ဖြူးပေးရမည်ဖြစ်ပြီးအထက်ပါအချက်များသည် မြန်မာနိုင်ငံ၏ လူထုပိုမိုပါဝင်၍ ရေရှည်ဖွံ့ဖြိုးမှုဖြစ်ထွန်းရေးအတွက်ကူညီပံ့ပိုးရန် လုပ်ဆောင်ထိုက်သည့် ပန်းတိုင်တစ်ရပ် သေချာပေါက်ဖြစ်ပါသည်။ သို့သော် ထိုလုပ်ဆောင်မှုများတွင် လူသားများက ကမ္ဘာမြေကြီးနှင့်ထပ်မံဖက်ပြိုင်အံတုမှုများမဖြစ်စေရန် စုပေါင်းအားဖြင့် လက်တွဲကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

ငြိမ်းဝေနှင်း ( စားသုံးသူရန်ကုန်)