Main menu

Background

ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်တားဆီးကာကွယ်ရေးကွင်းဆင်းစစ်ဆေးခြင်း

Thu, 10/28/2021 - 11:21 -- journal_editor

        စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ဦးသန်းဦး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများသည် (၂၅-၁၀-၂၀၂၁) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးအဖွဲ့ပါ မိတ်ဖက်ဌာနဖြစ်သော ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဦးစိန်လွင်၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ဦးကိုကိုမြ၊ ဒုရဲမှူး၊ ပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ Dr.အိမွန်သန့်၊ လ/ထညွှန်ကြားရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစောသန့်ဇင်ဦး၊ ဦးစီးအရာရှိ၊ FDA ၊ ဒေါ်ဝင်းသူဇာကျော်၊ ဦးစီးအရာရှိ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒေါ်သက်နှင်းနှင်းစု၊ ဦးစီးအရာရှိ၊တို့သည် အမှတ် (၁၄) ဦးပိုင်အမှတ် (၁၀) ကော့ထော်ကျေးရွာအုပ်စု၊ ဘားအံလှိုင်းဘွဲ့လမ်း၊ ဘားအံစက်မှုဇုန်ရှိ (White Unicorn Co ltd)ကုမ္ပဏီအတွင်း သိုလှောင်ခြင်း၊ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ဖြန့်ဖြုးရောင်းချခြင်း၊ ပြုလုပ်မည့်ကုမ္ပဏီ၏ ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးကွင်းဆင်စစ်ဆေးခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ဒုတိယညွှန်ကြားရေးမှူးမှ ကုမ္ပဏီ လုပ်ငန်းရှင်နှင့် လုပ်သားများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် (ကိုဗစ်-၁၉) ရောဂါကာကွယ်ရေးစည်းကမ်းချက်နှင့် ဓါတုဆက်စပ်ပစ္စည်းများအန္တရာယ်ကိုသေချာစွာ စနစ်တကျဂရုပြုရန်၊ လုပ်သားများ နားနေဆောင်ကို သိုလှောင်ရုံနှင့် ဝေးရာတွင်ထားရှိရန်၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဉပဒေပါ မြန်မာဘာသာဖြင့် တွဲဖက်၍ ထည့်သွင်းဖော်ပြရန်၊ ကုမ္ပဏီ၏ထုတ်ကုန်အမှတ်တံဆိပ်အား မိမိတို့ ဝန်ကြီးဌာန၏ ဌာနခွဲဖြစ်သော မူပိုင်ခွင့်ဌာနတွင် မှတ်ပုံတင်ပြုလုပ်နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရသည်။