Main menu

Background

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ ကျင်းပ

Wed, 10/26/2022 - 15:57 -- journal_editor

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံ သင်တန်း အမှတ်စဉ် (၆)  ((International Trade Basic Course, Batch-6)  သင်တန်းဖွင့်ပွဲ အခမ်း အနားကို အောက်တိုဘာ ၂၂ရက် နံနက် ၈ နာရီခွဲ က ရန်ကုန်မြို့ရှိ  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန   ကုန်သွယ်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပဉ္စမထပ်ရှိ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ  သင်တန်းကာလမှာ လေးလကြာ မြင့်မည်ဖြစ်ပြီး အပတ်စဉ် စနေ၊တနင်္ဂနွေနေ့များ တွင် နံနက် ၉ နာရီမှ  မွန်းတည့်၁၂ နာရီအထိ သင်ကြားပေးမည်ဖြစ်ကာ  သင်တန်းသားဦးရေ ၇၅ ဦးကို   လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
''သင်တန်းမှာ သင်ကြားမယ့် ဘာသာရပ် တွေကို စီးပွား/ကူးသန်း  ဝန်ကြီးဌာနအပြင် ကုန်သွယ်မှုနဲ့သက်ဆိုင်တဲ့ အခြားဝန်ကြီးဌာနတွေ က ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အရာထမ်း များ၊ ပြင်ပ ဘာသာရပ် ကျွမ်းကျင်သူပညာရှင် များနဲ့ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်း ကာလအတွင်းမှာလည်း  သင်တန်းသူ၊ သင်တန်း သားတွေကို ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းဌာနများ၊ အထူးစီးပွားရေးဇုန်၊ စက်မှုဇုန်တွေဆီ လက်တွေ့  လေ့လာရေးခရီးစဉ်တွေ     သွားရောက်နိုင်ဖို့ စီမံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။   ဒါ့အပြင်
ပြည်တွင်း၊   ပြည်ပ   စီးပွားရေးပညာရှင်တွေရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ဟောပြောပွဲတွေ ကိုလည်း  စီမံဆောင်ရွက်ပေးမှာဖြစ်ပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က သင်တန်း ဖွင့်ပွဲ အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။    
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပုံမှန်ဖွင့်လှစ်လျက်ရှိသော အပြည်ပြည် ဆိုင်ရာ  ကုန်သွယ်မှုအခြေခံသင်တန်းကို ကိုဗစ်(၁၉)  ရောဂါ အခြေအနေကြောင့် ယခုအချိန်မှ ပြန်လည် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဌာနအနေဖြင့် နိုင်ငံတော်၏ ကုန်သွယ်မှု ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ စားသုံးသူကာကွယ်ရေး၊ ကုန်သွယ်မှု ပညာပြန့်ပွား ရေးနှင့်  ကုန်သွယ်မှု   စေ့စပ်ညှိနှိုင်းခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ကုန်သွယ်မှုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်စေရန် ဆောင်ရွက်ရာတွင် စီးပွားကုန်သွယ်မှု နှင့်ဆက်စပ်သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု      လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အပါအဝင်    အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင်  ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့(WTO)၊  ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အပါအဝင် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဒါ့အပြင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းစဉ်တွေ ကို ပိုမိုမြန်ဆန်အောင် စီမံဆောင်ရွက်ပေးနေပြီး ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကိုလည်း နိုင်ငံ တကာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖြစ်စေဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို လုပ် ငန်းစဉ် တွေ  အောင်မြင်ရေးအတွက် လုပ်ငန်းနယ်ပယ် အသီးသီးမှာရှိတဲ့  လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့   အဓိက လိုအပ်ပါတယ်"ဟု ဒုတိယဝန်ကြီးက ပြောသည်။
ထို့ ကြောင့်  နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်သည့် ပို့ကုန်လုပ်ငန်းရှင်သစ်များနှင့် ကုန်သည် စီးပွားရေး၊ လုပ်ငန်းရှင်သစ်များကို ပြုစုပျိုးထောင် မွေးထုတ်ရန်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ ကုန်သွယ်ရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်စေ ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှ  စတင်ကာ ကုန်သွယ်မှုသင်တန်းကျောင်းကို  ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ  အဆိုပါ သင်တန်း ကျောင်းမှ  ကုန်သွယ်မှုအခြေခံသင်တန်း  (၁၂) ကြိမ်၊ အဆင့်မြင့်သင်တန်း သုံးကြိမ်၊ အပတ်စဉ် သင်တန်း (Weekend Course)  ငါးကြိမ် ဖွင့်လှစ် ခဲ့ပြီး သင်တန်းသား  စုစုပေါင်း ၁၅၃၈ ဦး တက် ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှုဆိုင်ရာ  ပညာရပ်များကို ကုန် သွယ်မှုသင်တန်းကျောင်း၌ သင်ကြားပို့ချပေးလျက် ရှိရာတွင် ကုန်သွယ်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများ၊ ကုန်ပစ္စည်း အရည်အသွေးဆိုင်ရာ လုပ်ငန်းများ၊ ဉာဏမူပိုင်ခွင့် ဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူ အကာအကွယ် ပေးရေးလုပ်ငန်းများ စသည့် လုပ်ငန်းနယ်ပယ် အသီးသီး၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများကို  ပို့ချ လျက်ရှိသည့်အပြင် နိုင်ငံ တကာကုန်သွယ်မှုဆိုင်ရာ  ဥပဒေ လုပ်ထုံးလုပ် နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်  ကုန်ပစ္စည်း အရည်အသွေးပိုင်းဆိုင်ရာ  လုပ်ငန်းများ စသည် တို့ကို   သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရ သည်။
ကုန်သွယ် မှု လျင်မြန်လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့်အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော် စွာ(WTO) ၏  သွင်းကုန်လိုင်စင်   လုပ်ထုံးလုပ်နည်းများဆိုင်ရာ  သဘောတူညီချက်   (Agreement on Import Licensing Procedures) အရ    လည်းကောင်း၊ အာဆီယံနိုင်ငံများတွင်  ကျင့်သုံးလျက်ရှိသော လုပ်နည်းများအတိုင်း လိုက်လျော ညီထွေဖြစ်စေ ရန်အတွက်လည်းကောင်း  ဖြေလျှော့သတ်မှတ် လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
"နိုင်ငံတော်အစိုးရသစ်အနေနဲ့ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက်   အပြည့်အဝ အွန်လိုင်းအသုံးပြု    လိုင်စင်စနစ် (Fully Online Licensing System) ကိုကျင့်သုံးနိုင်ဖို့လည်း ဆောင် ရွက်ပေးလျက်ရှိပါတယ်။   ဒါ့အပြင် အကောက်ခွန် ဦးစီးဌာနက အကောင်အထည်ဖော်  ဆောင်ရွက် နေတဲ့     အရှေ့တောင်အာရှနိုင်ငံများအသင်း ပြတင်းတစ်ပေါက်   (ASEAN Single Window  ) အထောက်အကူပြု မြန်မာနိုင်ငံမှာ အလိုအလျောက် ကုန်စည် ရှင်းလင်း ရေးစနစ် (Myanmar Automated Cargo Clearance System) (MACCS) မှာ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဓိကအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ဆောင် ရွက်ပေးနေပါတယ်။ ဒီလိုအကြောင်းအရာတွေကို လည်း သင်တန်းမှာ ထည့်သွင်းပို့ချပေးသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် အွန်လိုင်းအပြည့်အဝစနစ် (Fully Online)  စနစ်နှင့်  အွန်လိုင်းပင်ရင်းနိုင်ငံစနစ် (Online CO)တို့တွင် အင်တာနက် အထောက် အကူပြု အသုံးပြုရေး (Google Authenti cator)နှင့်   အွန်လိုင်းပင်ရင်းနိုင်ငံစနစ် (Online CO) အသုံးပြုပုံများကို အများပြည်သူထံ အသိပညာ ပေးရှင်းလင်းခြင်းများပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ  အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့်   ကိုယ်ပိုင်အောင် လက်မှတ်စနစ် (Self-Certification System) အကောင်အထည်ဖော်ရာတွင်  အဆင်ပြေချော မွေ့စေရန်နှင့်  ပို့ကုန်တင်ပို့သူများ ပင်ရင်းနိုင်ငံ စည်းမျဉ်းနှင့်   ကိုယ်ပိုင်အောင်လက်မှတ်စနစ်  (Self-Certification System) ဆိုင်ရာ   အချက် အလက်များကို ပိုမိုသိရှိရန်လည်း  ယခုသင်တန်း ကာလတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီလိုသိရှိခြင်းဖြင့် လွတ်လပ်သောကုန် သွယ်မှုဒေသမှာ ခွင့်ပြုထားတဲ့ အခွင့်အရေးတွေကို ခံစားရယူနိုင်ပြီး ပို့ကုန်တင်ပို့သူများအနေနဲ့ မိမိ တို့ထုတ်ကုန်များကို ပင်ရင်းဒေသ ထုတ်ကုန်အဖြစ် ကြေညာရာမှာ  မှန်ကန်စွာ  ကြေညာ ခြင်း ဖြင့် အကောက်ခွန်သက်သာခံစားခွင့်များ ရရှိနိုင်မယ့်  အကျိုးကျေးဇူးများကိုလည်း ရရှိခံစားနိုင်မှာဖြစ်ပါ တယ်''ဟု ဒုတိယဝန်ကြီးက ဆက်လက်ပြောကြား သည်။
သင်တန်းသူ၊ သင်တန်းသားများအနေဖြင့်  မိမိတို့ လုပ်ငန်းအတွေ့အကြုံအရ ကုန်သွယ်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အတွက် အကောင်းဆုံး ဆောင်ရွက်နိုင်မည့်   အကြံဉာဏ်များကိုလည်း ပေးစေလိုကြောင်း ဒုတိယဝန်ကြီးက တိုက် တွန်း ပြောကြားသည်။
''ဒီသင်တန်းဟာ  ကုန်သွယ်မှုနယ်ပယ်မှာ အခြေခံအဆင့်သာဖြစ်ပါတယ်။ သင်တန်းက စာ တွေ့ အခြေခံများဟာ လက်တွေ့နယ်ပယ်မှာ ဖြစ် ပေါ်လာမှုများနဲ့ ပေါင်းစပ်ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ အလားတူ နိုင်ငံတကာ ကုန်သွယ်မှု နယ်ပယ် မှာ တိုးတက်ပြောင်းလဲမှုတွေကို  အမြဲလေ့လာပြီး မိမိနိုင်ငံအခြေအနေနဲ့ လိုက်လျောညီထွေ လိုက်ပါ ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
ထို့ကြောင့် သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှာပို့ချသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူပြီး ကုန်သွယ်မှုလုပ်ငန်း များကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက် နိုင်ကြစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးညွန့်အောင်က ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲသို့  ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ ၊ သင်တန်းန ည်း ပြဆရာ များ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။                     
 ပန်းဆု