Main menu

Background

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများတိုးတက်လျက်ရှိ

Wed, 11/02/2022 - 15:52 -- journal_editor

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်နှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်အတွက်အထူးစီးပွားရေးဇုန်များဆောင်ရွက်လျက်ရှိရာသီလဝါအထူး စီးပွားရေးဇုန်ကိုရန်ကုန်တိုင်းဒေသကြီးသန်လျငမြို့နယ်နှင့် ကျော က်တန် မြို့နယ်တို့တွင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစီမံကိန်း၏ ပထမအဆင့် စက်မှုဇုန် A (ဟက်တာ ၄၀၅ ဒသမ ၂၇၅)ကို၃၀-၁၁-၂၀၁၃ရက်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၉၉ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီး ဒုတိယ အဆင့် အကောင်အထည်ဖော်မည့် စက်မှုဇုန်B (ဟက်တာ ၇၀ဝ)ကို ၂၁-၁၀-၂၀၁၆ ရက်တွင်ကွင်းဆင်းတိုင်း တာပြီး ဧရိယာ(2-1), (2-2), (2-3), (2-4) အပိုင်းလေးပိုင်းခွဲ၍ဆောင်ရွက်လျက်ရှိသည်။သီလဝါ အထူးစီးပွားရေးဇုန်ကို ရင်းနှီး တည် ဆောက်သူ(Developer)အဖြစ် Myanmar Japan  Thilawa Development Ltd ကို တည်ထောင် ခဲ့ပြီး  Myanmar  Japan  Thilawa Development Ltd.. ၏ ခွင့်ပြုမတည်ငွေ ရင်း (Authorized Capital)နှင့် ရင်းနှီး မြှုပ်နှံမှုမတည် ငွေရင်း(Paid up Capital)တို့ဖြင့် ဆောင်ရွက်ခဲ့သည်။သီလဝါ အထူးစီးပွားရေးဇုန်တွင်  နိုင်ငံခြား   ရင်းနှီးမြှုပ်နှံမှု  အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်ထိ နိုင်ငံ ပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၂၂ ခု ခွင့်ပြုခဲ့ပြီးလက်ရှိတွင် စီးပွားဖြစ် လည်ပတ်နေသည့် စက်ရုံပေါင်း ၁၀၄ ခု ထိရှိပြီဖြစ်ကာ သီလဝါအထူးစီးပွားရေး ဇုန်အတွင်း  အလုပ်အကိုင်အခွင့် အလမ်းအနေဖြင့် လုပ်သားအင်အား နှစ်သောင်းကျော်ကိုဖန်တီးပေးနိုင် ကြောင်း နှင့် သီလဝါအထူးစီးပွားရေးဇုန် လုပ်ငန်းများ၏  နိုင်ငံအလိုက်ရင်းနှီး မြှုပ်နှံမှုပမာဏတွင်ဂျပန်ကအများဆုံး ဖြစ်ကာ စင်ကာပူကဒုတိယနှင့် ထိုင်းနိုင်ငံကတတိယအများဆုံးဖြစ် ကြောင်း သိရှိရသည်။    ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာ လထိ သီလဝါ အထူးစီးပွားရေး ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့် ထည့်ဝင်ခဲ့သည့်  ကုမ္ပဏီ ၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု  အမေရိကန်ဒေါ်လာ သန်း ၉၀ ဒသမ ၇၆၃  တိုးတက်လာ ကြောင်းနှင့် ဇုန်အတွင်းရှိ စက်ရုံများမှ ပြည်တွင်းရှိ လိုအပ်သည့် ကုန်ပစ္စည်း များကို သွင်းကုန်အစားထိုးအဖြစ်ထုတ်လုပ်ပေးလျက်ရှိသကဲ့သို့ ပြည်ပ ဈေးကွက်များသို့လည်း ကုန်ပစ္စည်းများ ကို အရည်အသွေး ပြည့်မီစွာ ထုတ်လုပ် တင်ပို့ပေးလျက်ရှိကြောင်း သိရသည်။  
MOC (IR)