Main menu

Background

အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော် ဖြစ်ပေါ်နေ

Fri, 11/11/2022 - 12:00 -- journal_editor

လက်ရှိ ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်အတွင်း လက်ရှိ၌ ဒေါ်လာဈေးများ တည်ငြိမ်နေသည့်အတွက် ရွှေအရောင်းအဝယ် မှာလည်း အေးနေကြောင်း သိရသည်။
ယင်းအပြင် လက်ရှိတွင်  လိုင်စင်သက်တမ်းတိုးခြင်းနှင့် အခွန်ဆောင်ထားခြင်းမရှိသည့် ရွှေဆိုင်များကို ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ အရေးယူမည်ဟု ဆိုသည့် သတင်းများထွက်ပေါ်နေပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) အနေဖြင့် အဆိုပါသတင်းနှင့်ပတ်သက်၍   ငြင်းဆိုထားကာ သတင်းအမှားကို မယုံကြရန် တိုက်တွန်းထားသည်။
"မသင်္ကာဖွယ်ရာ ရောင်းဝယ်မှုတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေတဲ့ ရောင်းဝယ်မှုတွေ၊ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ငွေကြေးခဝါချမှု ကိုဖြစ်စေမယ့် ရောင်းဝယ်မှုတွေအတွက် သင်္ကာမကင်းဖြစ်ရင် သက်ဆိုင် ရာကို အကြောင်းကြားဖို့အတွက် မှာကြားထားမှုတွေပဲ ရှိပါတယ်"ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ပြင်ပဈေးကွက်၌ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းများ မှာ အောက်တိုဘာ ၂၈ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၆၉၀ဝ၀ဝ၊ ၂၉ ရက်တွင် ကျပ် ၂၆၆၅၀ဝ၀၊ ၃၁ ရက်တွင် ကျပ် ၂၆၆၀ဝ၀ဝ၊ နိုဝင်ဘာ ၁ ရက်တွင် ကျပ် ၂၆၂၅၀ဝ၀၊ ၂ ရက်တွင် ကျပ် ၂၆၆၅၀ဝ၀၊ ၃ ရက်တွင် ကျပ် ၂၆၆၀ဝ၀ဝ စသည်ဖြင့် အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။                                    
ပန်းဆု