Main menu

Background

အောက်တိုဘာလအတွင်း စတော့ရှယ်ယာ တန်ဖိုးကျပ် ၆၀ဝ မီလီယံကျော် အရောင်းအဝယ်ဖြစ်ခဲ့

Fri, 11/11/2022 - 12:05 -- journal_editor

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးကျပ် ၆၀ဝ မီလီယံ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၁၃၄၀၃၄ ဖြစ်ပြီး တန်ဖိုး ကျပ် ၆၈၇ ဒသမ ၁၂ မီလီယံ ရှိခဲ့ခြင်းဖြစ် သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment(FMI)က အစုရှယ်ယာ ၁၄၀၄၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၃၂ ဒသမ ၄၄ မီလီယံ၊ Myanmar Thilawa SEZ Holdings Public(MTSH) က အစုရှယ်ယာ ၉၆၇၇၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၃၇ ဒသမ ၂၇ မီလီယံ ရရှိခဲ့ ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၂၀၆၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၆ ဒသမ ၁၁ မီလီယံ၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၆၂၈၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၂၅ ဒသမ ၄၈ မီလီယံ ရရှိခဲ့သည်။
ထို့အတူTMH Telecom Public(TMH) က အစုရှယ်ယာ ၉၄၄၀ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၆ ဒသမ ၃၈ မီလီယံ၊ Ever Flow River Group Public(EFR)က အစုရှယ်ယာ ၉၇၆၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၅ ဒသမ ၉၈ မီလီယံ၊ Amata Holding Public Co.,Ltd(AMATA) က အစုရှယ်ယာ ၄၆၅၂ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၃ ဒသမ ၄၆ မီလီယံ စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ပန်းဆု