Main menu

Background

သိမ်ဖြူဈေးတွင် ဖြစ်ပေါ်နေသော ကြက်သွန်ဈေး

Mon, 11/14/2022 - 11:50 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား  ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ အောက်တိုဘာ ၆ ရက်မှ ၁၉ ရက်ထိ ကြက်သွန်နီ (ဆိပ်ဖြူ)အဝင်၇၁၂၀ဝ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ၂၅၃၇၀ ပိဿာ ဝင်ရောက်ခဲ့ပြီး  ကြက်သွန်နီ (ဆိပ်ဖြူ)လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ မှ ကျပ် ၃၁၀ဝ ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင်  ကျပ် ၃၆၀ဝ မှ ကျပ် ၄၀ဝ၀ ထိရှိသည်။ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်ထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ၇၂၂၅၀ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ၈၁၇၀ ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ မှ ကျပ် ၄၀ဝ၀ ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ မှ ကျပ် ၃၈၀ဝ ထိရှိပြီး ကြက်သွန်အနီဈေး အနည်းငယ်တက်လျက်ရှိကြောင်း သိရှိရသည်။                        

 နှင်းနွယ်(DOCA YGN)