Main menu

Background

၂၀၂၃ ခုနှစ် ပဲရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရန်အတွက် မြန်မာ့ပဲများ တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

Wed, 11/23/2022 - 13:12 -- journal_editor

၂၀၂၂-၂၀၂၃ ခုနှစ် ပဲစိုက်ပျိုးရာသီတွင် ဥရောပသမဂ္ဂနိုင်ငံ များသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရန် မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်း အဝေးကို နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ (ဒုတိယထပ်) ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာပဲများ တင်ပို့နိုင် ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန် သည်များအသင်း ဥက္ကဋ္ဌ၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ၊ ပဲတင်ပို့ရန် အဆိုပြုကုမ္ပဏီများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီး ကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ဥရောပ  သမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက် ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရေးကို  ပုံမှန်ဆောင်ရွက်နိုင်ရန်  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂-၁၁-၂၀၂၂ ရက်တွင် မြန်မာ့ပဲများ တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့အား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့် ဈေးကွက်သို့ တရားဝင်ထိုးဖောက်နိုင်သည့် ထုတ်ကုန်ဖြစ်ရန်နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း၊ ဥရောပသမဂ္ဂ နိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာ့ပဲများ တင်ပို့နိုင်ရေးကို ၂၀၁၄ ခုနှစ်မှစတင်ပြီး  စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများ သို့ အိမ်နီးချင်းနိုင်ငံများမှ ပဲများတင်ပို့ခဲ့သော်လည်း မြန်မာ့ပဲများကိုသာ ကြိုက်နှစ်သက်သည်ကို သိရှိခဲ့ရကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများ ၏ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးရန် ကမ်းလှမ်းလာချက်များ အတိုင်း မြန်မာနိုင်ငံ ဘက်က စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် စိုက်ပျိုးသည့် တောင်သူ အပိုင်း၊ စုဆောင်းသူ အဝယ်တော်အပိုင်းနှင့် လုပ်ငန်းစဉ်ဆောင်ရွက် သည့် စက်ရုံအပိုင်းများကို ဆောင်ရွက်ပေးခဲ့ရကြောင်း၊ စိုက်ပျိုးသည့် တောင်သူအပိုင်းတွင်  ကောင်းမွန်သော  စိုက်ပျိုးရေးစနစ်များဖြင့် စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအား ကြိုတင်အသိပညာပေး ဆောင်ရွက်ရန်၊ စုဆောင်းသူ အဝယ်တော်ပိုင်းတွင်လည်း သိုလှောင် မှု၊ ပို့ဆောင်မှုများအား မှတ်တမ်းထားရှိ ဆောင်ရွက် ရန်၊ လုပ်ငန်းစဉ် ဆောင်ရွက်သည့် စက်ရုံပိုင်းတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်နှင့်ညီအောင် တာဝန်ရှိသူများက စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် အဆိုပြုထားရှိသည့် ကုမ္ပဏီများအနေဖြင့် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များအား အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်နိုင်ရန် လိုအပ်ကြောင်း၊ တင်ပို့သည့် အရေတွက်နည်းသော်လည်း အာမခံချက်ရှိသော ဈေးကွက်သို့ တင်ပို့နိုင်ရန် ဆောင်ရွက်ရမည်ဖြစ် ၍ အားလုံးဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ထို့နောက် ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ  ဒေါက်တာမျိုးလွင်နှင့် တက်ရောက်လာကြသူများက မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရေး အတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ပဲရာသီတွင် ကုမ္ပဏီများ အဆိုပြုထားမှု၊ အစုအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ တောင်သူ၊ စုဆောင်းသူ အဝယ်တော်များ အသိပညာပေး  ဆောင်ရွက်မည့် အစီအစဉ်အား  ညှိနှိုင်းထားရှိမှု၊ သင်တန်းအထောက်အကူပြုပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် သင်တန်းကြီးကြပ်ရေးအဖွဲ့အား  ပြင်ဆင်ဖွဲ့စည်းသွားမည့်  အခြေ အနေ၊ တောင်သူပညာပေးခြင်းနှင့် စုဆောင်းသူ အဝယ်တော် သင်တန်းပေးခြင်း ပြုလုပ်မည့်ကာလကို သတ်မှတ်ခြင်းနှင့် တောင်သူ ပညာပေးသင်တန်းကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပို့ချနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
DOCA (YGN)