Main menu

Background

ငါးရက်အတွင်း စတော့ရှယ်ယာ အစောင်ရေ စုစုပေါင်း  ၂၅၃၉၁ စောင် ရောင်းချနိုင်ခဲ့

Mon, 11/28/2022 - 14:50 -- journal_editor

အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ငါးရက်တာကာလအတွင်း စတော့ရှယ်ယာအစောင်ရေ စုစုပေါင်း ၂၅၃၉၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ်သန်း ၁၁၆၆၆၅၅၀ဝ ရရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI)  က အစုရှယ်ယာ ၁၁၁၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀၂၃၇၇၀ဝ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)က အစုရှယ်ယာ ၁၉၇၅၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၆၂၉၂၄၅၀ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB)  က အစုရှယ်ယာ ၂၄၃ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၈၇၁၁၀ဝ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစု ရှယ်ယာ ၁၅၁၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၉၆၁၇၀ဝ၀ သန်း ရရှိခဲ့သည်။
ထို့အတူ  TMH Telecom Public (TMH)  က အစုရှယ်ယာ ၁၀၃ ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် ၂၇၉၆၅၀ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၂၁၅၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၇၇၇၇၀ဝ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၅၁၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၅၈၉၉၀ဝ သန်း စသည်ဖြင့် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
ပန်းဆု