ကမ္ဘာ့ကုန်သွယ်မှုမှာ တဖြည်းဖြည်းနဲ့ ကုန်သွယ်မှုများလာတဲ့ ပစ္စည်းတွေရှိရင် လိုင်းအသစ် ထပ်တိုးပါတယ်။ အရင်ကတည်းက အခြားခေါင်းစဉ်အောက်မှာရှိခဲ့ပေမယ့် တဖြည်းဖြည်း ပိုအသုံးပြုလာတယ်။ ရှေ့ဆက်ပြီးလဲ ပိုမိုကုန်သွယ်နိုင်ဖွယ်ရှိတယ်ဆိုရင်၊ ကုန်သွယ်မှုကလဲ တစ်နှစ်အတွင်း USD 50 million ကျော်ရင် လိုင်းသစ်ထည့်ပေးပါတယ်။ အဲလိုပဲ လိုင်းသစ်တိုးတဲ့နောက်ခံ အခြေခံအချက်အလက်တွေ ရှိပါတယ်။ Driving Factors လို့ ဆိုတယ်။
ဘာတွေလဲ
Environmental Impact ဖြစ်နိုင်တဲ့ပစ္စည်းတွေ ကုန်သွယ်တာကို စိစစ်နိုင်ဖို့ လိုင်းသစ်တွေ တိုးပါတယ်။ Chapter 29 အောက်မှာ အိုဇုန်းလွှာကို သက်ရောက်နိုင်တဲ့ ထုတ်ကုန်ပစ္စည်းသစ်တွေ ပေါ်ပေါက်လာနိုင်တဲ့ Acyclic hydrocarbons တွေအနက် လိုင်းအချို့ဖျက်ပြီး လိုင်းသစ်အများအပြား တိုးထားတာ တွေ့ရပါတယ်။
2903.31 နဲ့ 2903.39 တွေဖျက်ပြီး 2903.41 to 2903.49,2903.51 & 2903.59, 2903.61, 2903.62 & 2903.69 တို့ တိုးထားတာ တွေ့ရပါတယ်။ Environmental Impact ကိုဂရုစိုက်တဲ့ အေဂျင်စီတွေ နိုင်ငံတွေ စိစစ်နိုင်မှာပါ။
ထို့အတူပါပဲ Chapter 38 မှာ အရင်က38.26 အထိပဲရှိရာက အခုမွန်ထရီရယ်ပရိုတိုကော လက်မှတ်ရေးထိုးထားသူတွေ ကီဂါလီပရိုတိုကောကို အကောင်အထည်ဖော်နိုင်ရာမှာ အထောက်အကူဖြစ်စေဖို့ ကလိုရိုဖလူရိုကာဗွန် (CFC) တွေကုန်သွယ်တာကို စိစစ်နိုင်ရန် 38.27 ခေါင်းစဉ်အောက်မှာ 6 digits လိုင်းပေါင်း ၁၉ လိုင်း တိုးထားတာ တွေ့ရပါတယ်။
ဒီ Environmental Impact ခေါင်းစဉ် အောက်မှာပဲ အခုခေတ်စားနေတဲ့ E-waste အတွက် Chapter 85 မှာ ထည့်သွင်းထားပါတယ်။ အရင85.48 အထိပဲရှိရာက85.49 ကို Electrical and electronic waste and scrap. အမည်နဲ့ အောက် မှာ 6 digits လိုင်း ၁၁ လိုင်း တိုးထားတာတွေ့ရ ပါတယ်။
Driving Factors နောက်တစ်ခုကတော့ Technology and product innovations ဖြစ်ပါတယ်။ စက်မှုပိုင်းတွေပေါ့။ Chapter 84, 85 & 87 တွေပေါ့။Chapter 84 မှာ 84.85 Mach- ines for additive manufacturing. ဆိုပြီး တိုးထားတာ3D printing နဲ့ဆိုင်တဲ့ 6 digits လိုင်း ၅ လိုင်း တိုးထားပါတယ်။
Chapter 85 မှာတော့ Smart Phone အတွက် 8517.13 ကို တိုးထားပါတယ်။ Chapter Notes မှာလည်း Smart Phones ကို အဓိပ္ပာယ် ဖွင့်ထားတယ်။
Chapter 87 မှာတော့ electric vehicles တွေနဲ့ပတ်သက်ပြီး ပြင်ဆင်ထားတယ်။EV တွေ ကလည်း Hybrid Electric, Plug in hybrid နဲ့ all electric motor ဆိုပြီး ခွဲထားပါတယ်။ Tractor နဲ့ ကုန်တင်တွေမှာလည်း EV တွေလိုင်းခွဲထားတာ တွေ့ရပါတယ်။
Driving Factors နောက်တစ်ခုကတော့FAO Proposal ဖြစ်ပါတယ်။ Chapter 4 မှာ Insects တွေကို ထည့်သွင်းထားတယ်။ စားလို့ရတဲ့ Insects တွေကို 0410.10 အနေနဲ့ဖော်ပြထားပါတယ်။ ဒီမှာစားနေကြတဲ့ပုရစ်တို့ ပုဇင်းရင်ကွဲ တို့ဖြစ်မယ်ထင်ပါတယ်။ Chapter 16 ရဲ့Sausages and similar products မှာလည်း အဲဒီအင်းဆက်နဲ့လုပ်တဲ့ထွက်ကုန် ထပ်တိုးတာ တွေ့ရပါတယ်။
Chapter 7 မှာ mushrooms တွေထပ်တိုးသလို dk Chapter 8 မှာ pine nuts ဆိုပြီး ထပ်တိုးတာ တွေ့ရပါတယ်။
Source by: မိုးကျော်အေး (အကောက်ခွန်ဦးစီးဌာန)
Background