Main menu

Background

ယခုတစ်ပတ်အတွင်း ဆေးဝါးပစ္စည်းနှင့် နို့မှုန့်တင်သွင်းမှုအခြေအနေ

Tue, 12/13/2022 - 12:50 -- journal_editor

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၀ဝ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ  တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ 
ယခုတစ်ပတ်အတွင်း သြစတြေးလျနိုင်ငံ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊  အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇၁ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၂၀ ခန့်အား တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  ၁၅ တန်ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ 
နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၉ သန်း တန်ဖိုးရှိ နို့မှုန့်တန်ချိန် ၃၀ကျော်အား နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။ 
ယခုတစ်ပတ်အတွင်း  နယ်စပ်မှ နို့မှုန့် တင်သွင်းမှုမရှိကြောင်း သိရသည်။                                                                
အိမ့် (DOT)