Main menu

Background

နိုဝင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂ သန်းကျော်ရရှိ

Tue, 12/20/2022 - 10:16 -- journal_editor

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပင်လယ်  ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၄၇ ဒသမ  ၆၄၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၂၂၁၅၀ ကျော် တင်ပို့ခဲ့ သည်။ တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀၅၇၅၀ ကျော်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၆၃၉၀ ကျော် တင်ပို့ခဲ့သည်။

ဆန်တင်ပို့သောနိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၆၆၀၅၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၂၃၁၂၀၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁၅၁၃၀၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၈၇၀ ကျော်၊ ဟောင်ကောင်သို့  ဆန်တန်ချိန် ၂၃၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၀ကျော်၊ လက်ဘနွန်နိုင်ငံသို့ ၁၂၅ တန်၊ သြစတြေးလျနိုင်ငံသို့ ဆန်တန်ချိန် ၄၀ နှင့် စင်ကာပူနိုင်ငံနှင့် ထိုင်ဝမ်သို့လည်း အနည်းငယ်တင်ပို့ခဲ့ကြောင်းသိရသည်။

ထို့ပြင် အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၁၅၀ ကျော်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန် တန်ချိန် ၁၄၈၀ခန့်၊  ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၆၂၀ကျော်၊ စလိုဗေးနီးယာနိုင်ငံသို့  ဆန်တန်ချိန် ၁၇၀ဝ ကျော်၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၇၅၀၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၁၇၅၀၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၇၅၀၊ ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၆၀ဝ ကျော်၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၃၀ဝ ကျော်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ခရိုအေးရှားနိုင်ငံသို့  ဆန်တန်ချိန် ၂၀ဝ၊ အင်္ဂလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ နှင့် အခြားနိုင်ငံများသို့လည်း  အနည်းငယ် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ ပင်လယ်ရေကြောင်းမှ အောက်တိုဘာလအတွင်းတွင် ဆန်တန်ချိန် ၁၀၂၅၀ဝ ကျော် တင်ပို့ခဲ့ သဖြင့် ယခုလတွင် တန်ချိန် ၁၉၆၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။

နိုဝင်ဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈၉၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၅၈၀ဝ ခန့် တင်ပို့နိုင်သဖြင့် ယခုလတွင် နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၁၅၇၉၅၀ ရှိပြီး အနီးစပ်ဆုံး အောက်တိုဘာလတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၄၇၉၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၃  ဒသမ ၆၅၇ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၇၅၉၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၀၆၉၀ ကျော်၊ အာရှနိုင်ငံများသို့ ဆန်ကွဲ ၆၅၀၈ တန်၊ နယူးဂီနီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၉၀ တင်ပို့ခဲ့သည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၆၄၀ဝ လျော့နည်းခဲ့သည်။

နိုဝင်ဘာအတွင်း မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၄၆ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၂၆၈၀ကျော် တင်ပို့ခဲ့သည်။ တင်ပို့ မှုအနေဖြင့် မြန်မာ-တရုတ်နယ်စပ်မှ ဆန်ကွဲ ၂၁၃၅၈ တန်  နှင့် မြန်မာ-ထိုင်း နယ်စပ်မှ ဆန်ကွဲ ၁၃၂၅ တန် တင်ပို့ကြောင်း သိရသည်။  နည်းလမ်းနှစ်သွယ်မှ စုစုပေါင်း ဆန်ကွဲတင်ပို့မှု တန်ချိန် ၆၀၂၇၀ ရှိပြီး အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၁၀ဝ၀ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုတန်ချိန် စုစုပေါင်း ၂၁၈၂၂၀ ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၃၃၃ သန်း ရရှိခဲ့သည်။

အေးအေးသန့် (DOT)