Main menu

Background

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုအခြေအနေ

Tue, 12/20/2022 - 10:25 -- journal_editor

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G MoU အရ တန်းမြင့် (၅%) ဆန်တန်ချိန်နှစ်သိန်း တင်ပို့နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food (Ministry of Food) နှင့် မြန်မာနိုင်ငံမှ Myanmar Rice Federation-MRF တို့အကြား ဆန်ရောင်းဝယ်ယူမှုဆိုင်ရာ နှစ်ဖက်သဘောတူညီမှု Contract အား စက်တင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ Contract ပါ အစီအစဉ်များအရ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြီးကြပ်စီစဉ်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂  ရက်အထိ သင်္ဘော ၁၉ စင်းဖြင့် စုစုပေါင်းဆန်တန်ချိန် ၁၄၃၂၂၅ တန်ကို သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာဆိပ်ကမ်းများမှ တင်ပို့ပြီးစီးကြောင်း သိရသည်။

MT, Source: MRF