Main menu

Background

ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသိပညာပေး ဖြန့်ဝေဆွေးနွေး

Tue, 12/20/2022 - 14:16 -- journal_editor

ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေး တောင်သူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုး တင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဆွေးနွေးပွဲကျင်းပခြင်း၏ အဓိကရည်ရွယ်ချက်သည် ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ အလိုက် အရည်အသွေးမြင့်ထုတ်ကုန်များ ပေါ်ထွက်လာစေရန်အတွက်ဖြစ်ကြောင်း၊ ကယားပြည်နယ်၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ မြေနှင့်ရေ သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်ကြရန် လိုအပ်ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းတွင် မြေသြဇာ၊ မျိုး၊ ရေရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအသီးသီးက ကူညီ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သား/ငါး ဖူလုံ အောင် ထုတ်လုပ်ပေးနိုင်ရေးအတွက် တစ်နိုင်တစ် ပိုင် မွေးမြူရေးမှသည် တစ်အုပ်တစ်မ မွေးမြူနိုင် သည့် အဆင့်ရောက်အောင် ဆောင်ရွက်နိုင်ရေး အတွက်  လိုအပ်သည်များကို  ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ၊ ပြည်နယ်အတွင်း  MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တီထွင်ဖန်တီးမှု နှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများက ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးပြီး  MSMEs လုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်ရရှိအောင် ကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း  ပြောကြား ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည်  ဆွေးနွေးပွဲသို့  တက် ရောက်လာကြသော လုပ်ငန်းရှင်များ ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ  ရိုက်ကူးခဲ့ကြပြီး  စိုက်ပျိုးမွေးမြူရေး တောင်သူများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး  နှုတ်ဆက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို  မေးမြန်းကာ  လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ကြစေရေး အကြံပြုပြောကြားခဲ့သည်။
ယင်းနောက်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန  ပြည်နယ်ဦးစီးမှူးက ရေရှည်တည်တံ့သော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် အသေးစား   စက်မှုလက်မှု  လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက  အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးမှုဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဘေးအန္တရာယ်ကင်းရှင်းပြီး အထွက်နှုန်းကောင်းသော သီးနှံများ စိုက်ပျိုးထုတ် လုပ်ရန်အတွက် လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူးက တန်ဖိုးမြှင့် မွေးမြူရေး ထုတ်ကုန်ထုတ်လုပ်ခြင်း  ခေါင်းစဉ်ဖြင့်  လည်းကောင်း၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန   ပြည်နယ်ဦးစီးမှူးက  အစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် စီးပွားရေး စီမံကိန်းရေးဆွဲနည်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတောင်သူများနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေး မှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်   ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
ကိုးကား-MOFA
(KMS, DOCA)