Main menu

Background

ခိုင်ကမ်းမြို့၌ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

Wed, 12/21/2022 - 10:42 -- journal_editor

စားသုံးသူရေးရာဦးစီးဌာန၊  ချင်းပြည်နယ်ဦးစီးမှူးရုံးက   ကြီးမှူးကျင်းပသော စားသုံးသူကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို   တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့၌    ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   မြို့အုပ်ချုပ်ရေးမှူး ဦးထန်ဂင့်ဆွမ်းနှင့်ဝန်ထမ်းများ၊ မြို့စည်ပင်ဦးစီးမှူး၊ မြို့လျှပ်စစ်ဦးစီးမှူး၊ မြို့မီးသတ်ဦးစီး၊ ပြည်သူ့ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဝန်ထမ်းများ၊ ချင်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တီးတိန်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးပြောင်ဒါလ်း၊ ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင် ငါးဦး စုစုပေါင်း  ၂၀ ဦး တက်ရောက်ခဲ့ပြီး  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ  စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိလိုသောအချက်များ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ သည်။  
ဆက်လက်ပြီး  စားသုံးသူ  ပြည်သူများကို  မည်ကဲ့သို့  အသိပညာပေး လုပ်ငန်းများ  ဆောင်ရွက်သင့်ကြောင်းနှင့်  ဈေးကွက်စောင့်ကြည့်   လေ့လာစစ်ဆေးရေးလုပ်ငန်းများ မည်သို့ဆောင်ရွက်သင့်ကြောင်းဆိုသည့်  အချက်နှစ်ချက်ကို     အပြန်အလှန်  ဆွေးနွေးတင်ပြခြင်းနှင့် ဆွေးနွေးဖော်ထုတ်ခဲ့ကြောင်း သိရသည်။ 
ပြောင်ဒါလ်း