Main menu

Background

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ချီတက်ဂုဏ်ပြုမည့်  ဝန်ထမ်းများအား တွေ့ဆုံပွဲကျင်းပ

Tue, 01/03/2023 - 13:46 -- journal_editor

(၇၅) နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့ အခမ်းအနားတွင် ချီတက် ဂုဏ်ပြုမည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ  အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်တွင်  နေပြည်တော် ရုံးအမှတ် (၁)  အစည်းအဝေးခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အမှာစကားပြောကြား ပြီး ဂုဏ်ပြုဝတ်စုံများ ထောက်ပံ့ပေးအပ် သည်။ 
ဝန်ထမ်းများနှင့်  တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်  ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့သည် မြန်မာနိုင်ငံအတွက် အထူး အရေးပါသည့် ဂုဏ်ယူဖွယ်ရာ နေ့ထူး နေ့မြတ်ဖြစ်ပြီး   (၇၅)နှစ်ဆိုသည့် စိန်ရတု အချိန်အခါနှင့် တိုက်ဆိုင်မှုမှာလည်း ကြုံတောင့်ကြုံခဲ  အခွင့်အရေး တစ်ခုဖြစ်ကြောင်း၊  အဆိုပါ  အခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ပြုယာဉ်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းတွင် ပါဝင်ဆောင် ရွက်ရမည်ဖြစ်၍  ဂုဏ်ပြုယာဉ်နှင့် ပြခန်းများတွင် စနစ်တကျ ခင်းကျင်း ပြသနိုင်ရေးအတွက် ဝန်ထမ်းအားလုံး စုစည်းညီညွတ်စွာ ကြိုးပမ်းသွားကြရန် ပြောကြားသည်။  
 ဆက်လက်၍ ဒုတိယဝန်ကြီးက ဂုဏ်ပြုယာဉ်နှင့်   လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းတွင် ပါဝင်ဆောင်ရွက်ကြမည့်  ဝန်ကြီးဌာန  ဝန်ထမ်းအားလုံး ကျန်းမာပျော်ရွှင်စွာဖြင့် အဆင်ပြေအောင်မြင်စွာ ပါဝင်ဆောင် ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် စီစဉ်ဆောင်ရွက်နေမှု အခြေ အနေများနှင့်  ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်ဒုတိယဝန်ကြီးတို့က (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား တွင်ပါဝင်ဆောင်ရွက်ကြမည့် ဝန်ထမ်း များအား ဂုဏ်ပြုဝတ်စုံများ ပေးအပ်ရာ ဝန်ထမ်းကိုယ်စားလှယ်တို့က  လက်ခံ ရယူခဲ့ကြသည်။ 
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်  ဌာနအကြီး အကဲများက ဝန်ထမ်းများနှင့် ရင်းရင်း နှီးနှီး အတူတကွ လက်ရည်တစ်ပြင် တည်း နေ့လယ်စာ သုံးဆောင်ကြသည်။ 
(၇၅) နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့  အခမ်းအနား၌  ဝန်ကြီးဌာနကိုယ်စားပြု အထိမ်းအမှတ်ပြခန်း ခင်းကျင်းပြသခြင်းနှင့် ဝန်ကြီးဌာန ကိုယ်စားပြု  ဂုဏ်ပြုယာဉ်နှင့်  သရုပ်ပြ ဂုဏ်ပြုချီတက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
DICA