Main menu

Background

မူပိုင်ခွင့်ဦးစီးဌာန တည်ထောင်ခြင်း နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

Tue, 01/03/2023 - 13:55 -- journal_editor

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ကျရောက်သည့် မူပိုင်ခွင့်ဦးစီးဌာန၏ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီ တွင် နေပြည်တော် ရုံးအမှတ် (၅၂)ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၌ ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မူပိုင်ခွင့် ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြော ကြားရာ၌ မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းထားပြီးဖြစ်၍ အာဏာ သက်ဝင်ရန်လိုအပ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းဖြင့် မူပိုင်ခွင့် ဥပဒေ(၄)ရပ်သည် ပြည့်စုံသွားခြင်းမျိုးမဟုတ်ဘဲ ဥပဒေများ ကို ကိုင်တွယ်ကျင့်သုံးရန် နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရန် လိုအပ်ကြောင်း၊  သို့မှသာ ဥပဒေများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းစည်းမျဉ်း စည်းကမ်းများ၊ ဥပဒေများကို ကိုင်တွယ်ကျင့်သုံးမည့် အဖွဲ့ အစည်းအဖြစ် မူပိုင်ခွင့်ဦးစီးဌာနကို  ဖွဲ့စည်းထားကြောင်း၊ အာဏာသက်ဝင်နိုင်ရန်အတွက် နည်းဥပဒေများ ပြဋ္ဌာန်းနိုင် ပြီး  လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ချိုးဖောက်မှုများ၊ အငြင်းပွားမှုများရှိပါက အရေးယူ ဆောင်ရွက်နိုင်ရန် မူပိုင်ခွင့်ဆိုင်ရာ တရားရုံး စသည့် ဆက် စပ်ဌာနများ လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ ပြည့်စုံသော ဥပဒေမူဘောင် (Legal Framework)  ဖြစ်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းခဲ့သည်မှာ နှစ်နှစ်ပြည့်ပြီ ဖြစ်သဖြင့်  ဦးစီးဌာနအနေနှင့် ရင့်ကျက်သော  ဌာနတစ်ခု ရပ်တည်သွားရန်  လိုအပ်ကြောင်း၊  မူပိုင်ခွင့်ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့်လည်း တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် အစဉ်အမြဲကြိုးစားပြီး လေ့လာသင်ယူရန် လိုအပ်ကြောင်း၊  မူပိုင်ခွင့်ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် နည်းပညာပိုင်းတွင်လည်း နိုင်ငံတကာနှင့်တန်းတူ ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၏ ဝန်ဆောင်မှုများ၊ လုပ်ဆောင်ချက်များ ကောင်းမွန်လျှင် နည်းပညာပိုင်းဆိုင်ရာ မြင့်မားသော ရင်းနှီးမြှုပ်နှံမှု (High Tech Investment) များ နိုင်ငံတွင်းသို့ဝင်ရောက်မှု ပိုမိုမြင့်မားလာ မည်ဖြစ်ကြောင်း၊ ဌာနသမိုင်းကြောင်း  ကောင်းမွန်စေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစား  ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က မူပိုင်ခွင့်ဦးစီးဌာနသည် သန္ဓေကောင်းသောဌာနဖြစ်ကြောင်း၊ နှစ်နှစ်တာရပ်တည်နိုင်ခဲ့ ပြီဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ကို ကောင်းစွာ ပြုစုပျိုးထောင်ပြီး လုပ်ငန်းများကို ရှေ့ဆက်ဆောင်ရွက်မည်ဆိုပါက တိုးတက်လာမည်ဖြစ်ကြောင်း၊  လက်ရှိအနေအထားတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအတိုင်း  ဥပဒေ၊ နည်းဥပဒေများနှင့်  အာဏာသက်ဝင်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားရန်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို စတင် အကောင်အထည်ဖော်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရန်၊ ရန်ကုန်ရုံးခွဲနှင့် မန္တလေးရုံးခွဲတို့ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ ထို့ပြင် မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် နိုင်ငံ တော်က အားကိုးအားထားပြုရပြီး ပြည်သူလူထုက ယုံကြည် အားကိုးရသော ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သော ဦးစီးဌာနတစ်ခုဖြစ်ရန်ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က  မူပိုင်ခွင့်ဦးစီးဌာန၏ အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်း ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှု Documentary အားပြသခြင်း၊ အထိမ်းအမှတ်လက်ဆောင် ပေးအပ်ခြင်း၊  ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခြင်းနှင့်  မူပိုင်ခွင့်ဦးစီးဌာန  နှစ်နှစ်မြောက် ထိမ်းအမှတ် ပိုစတာ၊ ကာတွန်း၊ ဆောင်းပါး၊ ကဗျာများအား လှည့်လည်ကြည့်ရှုပြီး နောက် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။                                                                   

 IP