Main menu

Background

လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို ယခင်နှစ်ထက် ဒေါ်လာနှစ်ဘီလီယံကျော် ပိုမိုတင်သွင်းထား

Fri, 01/06/2023 - 11:37 -- journal_editor

လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို ပြီးခဲ့သည့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ  ကာလအတွင်း လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတင်သွင်းမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၆၅ ဘီလီယံ ရှိပြီး ပုဂ္ဂလိက လုပ်ငန်းများ၏ တင်သွင်းမှုမှာ ၉၈ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်က လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း  တင်သွင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၀ ဘီလီယံသာရှိရာ ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ဝ၃၅ ဘီလီယံ ပိုမိုတင်သွင်းထားနိုင်ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း ပုဂ္ဂလိကလုပ်ငန်းများမှ တင်သွင်းမှုပမာဏ  အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၇၇ ဘီလီယံရှိပြီး    ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ  နှစ်ဘီလီယံကျော်   ပိုမိုတင်သွင်းထားသည်။ 
ထို့ပြင် နိုင်ငံပိုင်လုပ်ငန်းများမှ တင်သွင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၇ သန်း ကျော်ရှိပြီး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၃၄ သန်းကျော် ပိုမိုတင်သွင်းထားကြောင်း သိရသည်။ လက်ရှိဘဏ္ဍာနှစ် ရှစ်လခွဲတွင် စုစုပေါင်း သွင်းကုန်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိပြီး ယမန်နှစ်ထက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ပိုမိုတင်သွင်း ထားကြောင်း သိရသည်။
ထိုကာလအတွင်း လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတင်သွင်းမှုမှာ စုစုပေါင်း  သွင်းကုန်ပမာဏ၏ရာခိုင်နှုန်း ၅၀ ခန့်ရှိကြောင်း သိရသည်။

ပန်းဆု-စုစည်းသည်