Main menu

Background

နေ့စဉ်ဝင်ငွေရသည့် တစ်နိုင်တစ်ပိုင် ငါးပိနှင့် ငါးခြောက်ခြင်းတောင်းလုပ်ငန်း

Tue, 01/10/2023 - 10:27 -- journal_editor

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် သံတံတားရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းလုပ်ငန်းဖြစ်သော ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်သောလုပ်ငန်းလုပ်ကိုင်ကြောင်း သိရှိရသည်။

အဆိုပါ ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်ရာတွင် အသုံးပြုရသောကုန်ကြမ်းမှာ ဝါးဖြစ်ပြီး ကုန်ကြမ်းကို ဒေသတွင်းရှိ ဝါးဆိုင်များမှ ဝယ်ယူရရှိပါသည်။

ခြင်းတောင်းတစ်ခြင်းထုတ်လုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် ကျပ် ၂၅၀ဝခန့်ကုန်ကျပြီး ခြင်းတစ်ခြင်းရောင်းရငွေမှာ ကျပ် ၃၅၀ဝ ခန့်ရရှိသည့်အတွက် ခြင်းတစ်ခြင်းရောင်းရငွေ အကျိုးအမြတ်မှာ ကျပ် ၁၀ဝ၀ ခန့်ရရှိကြောင်း သိရှိရသည်။ တစ်ရက်လျှင်  ၁၀ ခြင်းခန့် ထုတ်လုပ်နိုင်ပြီး ဒိုက်ဦးမြို့နယ်အတွင်းရှိ ငါးပွဲရုံများနှင့် ငါးပိပွဲရုံများသို့ ပေးပို့‌ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် အဆိုပါ ငါးခြောက်ခြင်းတောင်းနှင့်  ငါးပိခြင်းတောင်း ရက်လုပ်သောလုပ်ငန်းကို လုပ်သားငါးဦးခန့်ဖြင့် မိသားစုတစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

            ဝါဆို( DOCA)