Main menu

Background

ရွှေတောင်ဒေသထွက် အစားအစာ ရေဥ

Thu, 01/19/2023 - 12:25 -- journal_editor

ဒေသတွင်းအစားအစာတစ်ခုဖြစ်သည့် ရေဥအား မြန်မာတစ်နိုင်ငံလုံးတွင် ရွှေတောင်မြို့၌သာ တွေ့ရှိရသည်။ ရေဥမှာ အစိမ်းရောင်ရှိ၍ ရေသန့်မှာသာပေါက်ပြီး တစ်ရာသီတည်းသာပေါ်ပေါက်လာသည့် သဘာဝလက်ဆောင်ဖြစ်သည်။

ရေဥအား ဈေးထဲတွင် တောင်းကြီးများထဲတွင်ထည့်ပြီး နို့ဆီဘူး (သို့) ပြည်တောင်းများဖြင့် ရောင်းချနေကြောင်း သိရှိရသည်။ နို့ဆီဘူးတစ်ဘူးလျှင် ကျပ်၂၀ဝ နှုန်းဖြင့် ရောင်းချနေကြောင်း တွေ့ရသည်။ ရေဥအား ချက်ပြုတ်စားသောက်ရာတွင် ပထမဦးစွာ ရေဥများအား ရေထဲတွင်ထည့်ပြီး ရေစစ်ဆန်ခါဖြင့် ဆယ်ယူပြီး အချိန်အနည်းငယ်မျှကြာအောင် ရေစစ်ထားရသည်။

ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့အား ဆီသတ်ရာတွင် နနွင်းမှုန့်အနည်းငယ်ထည့်ပြီးနောက် ရေစစ်ထားသော ရေဥများအား ဒယ်အိုးထဲတွင် ရောသမမွှေပြီး ရေများပွက်ပွက်ဆူလာချိန်တွင် အစိမ်းနုအရောင်မှ အနည်းငယ် အစိမ်းရင့်ရောင်ဖြစ်လာပြီး ရေများခန်းခြောက်လာပြီးလျှင် ရှောက်ရွက်အနည်းငယ်အားထည့်ပေးပြီးလျှင် အသင့်စားသောက်နိုင်သည့် ရေဥချက်ကို အရံဟင်းတစ်ခွက်အဖြစ် စားသောက်နိုင်သည်။

ခင်ဆွေဦး(ပြည်)