Main menu

Background

စပါး/ဆန် ကြိတ်ခွဲရေးနှင့် အရည်အသွေး စစ်ဆေးရေးရက်တိုသင်တန်း ဖွင့်လှစ်ပို့ချ

Thu, 01/19/2023 - 12:33 -- journal_editor

ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး စီမံခန့်ခွဲမှုနှင့် အရည်အသွေးကြီးကြပ်မှုကို ထိန်းကျောင်းသည့် အဖွဲ့အစည်းဖြစ်သော  မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) မှ လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်ဆေးရေးမှူးများနှင့် အသစ်ပြုစုပျိုးထောင်မည့် စစ်ဆေးရေးမှူးအသစ်များအတွက် စပါး/ဆန်ကြိတ်ခွဲရေးနှင့် အရည်အသွေးစစ်ဆေးရေးရက်တိုသင်တန်းကို  ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ MITS ရုံး သင်တန်းခန်းမတွင် ဇန်နဝါရီ ၉ ရက်မှ  ၁၂ ရက်အထိ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက် အဖွဲ့အစည်း(ISO)နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးဆီ ဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာ သိကောင်းစရာများကိုလည်း ထည့်သွင်းပို့ချခဲ့သည်။ အဓိကအားဖြင့် ဆန်အရည်အသွေး သတ်မှတ်ချက်များကို မည်ကဲ့သို့ စစ်ဆေးရမည်၊ မြန်မာဆန်စပါး စံအရည်အသွေး သတ်မှတ်ချက် (Myanmar Standard)၊ မည်ကဲ့သို့ စစ်ဆေး တိုင်းတာ တွက်ချက်ရသည်၊ ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာပိုင်းဆိုင်ရာများကို အဓိကထား ပို့ချပေးခဲ့သည်။ 
သင်တန်းကို MITS မှ အကြံပေးပုဂ္ဂိုလ်များ၊ ဆီဓာတ်ခွဲစမ်းသပ်ရေးဌာနမှူး၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM)မှ ဌာနမှူးနှင့် အငြိမ်းစား ဌာနမှူးက ဆန်စပါး နှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများအား အခြေခံပြီး သိရှိထားသည်များကို အသိပညာ မျှဝေလက်ဆင့်ကမ်းခြင်း(Knowledge Sharing)များကို အချိန်တိုတွင်း ထိထိရောက်ရောက် ပို့ချပေးသွားနိုင်ခဲ့သည်။ သင်တန်းသို့ လက်ထောက်အထွေထွေမန်နေဂျာ၊ မန်နေဂျာများနှင့် စစ်ဆေးရေးမှူး စုစုပေါင်း ၂၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                        

ပိတောက် (MITS)