Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်းပေါင်း ၁၅၀ ကျော်  အရောင်းအဝယ်ဖြစ်ခဲ့

Thu, 01/19/2023 - 16:14 -- journal_editor

ပြီးခဲ့သည့် ‌၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင် ကုမ္ပဏီများအနေဖြင့် စတော့ ရှယ်ယာတန်ဖိုး ကျပ်သန်းပေါင်း ၁၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၂၅၇၉၀ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၅၉ ဒသမ ၄၃ သန်း ရှိခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar  Investment (FMI) က အစုရှယ်ယာ ၃၄၃၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၉ ဒသမ ၈၅ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစု ရှယ်ယာ ၁၅၈၈၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၂ ဒသမ ၂၉ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၉၁ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ၆၈ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစု ရှယ်ယာ ၃၅၈၇ ရောင်းချနိုင်ခဲ့ပြီး  တန်ဖိုး ကျပ် ၆၆ ဒသမ ၅၄ သန်း ရရှိခဲ့သည်။
ထို့အတူ  TMH Telecom Public (TMH)  က အစုရှယ်ယာ ၉၂၆ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၄၀ သန်း၊Ever Flow River Group Public (EFR) က အစုရှယ်ယာ ၆၇၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၇၉ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၂၀၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅ ဒသမ ၈၉ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ပန်းဆု